ချန်ပီယံလိဂ် အဖွင့်ပွဲစဉ်တွင် ပီအက်စ်ဂျီ၊ ဘိုင်ယန်၊ မန်စီးတီးနှင့် ဒိုင်နမိုဇာဂရက်တို့ ဂိုးပြတ်အနိုင်ရရှိခဲ့ကြ

၁၉  စက်တင်ဘာ

ဥရောပချန်ပီယံလိဂ် အုပ်စုအဖွင့်ပွဲစဉ်များ ဒုတိယနေ့အဖြစ် ဗုဒ္ဓဟူးနေ့ညက ဆက်လက်ယှဉ်ပြိုင်ကစားခဲ့ကြရာ အိုလံပီယာကော့စ်နှင့် စပါးအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ တစ်ဖက်နှစ်ဂိုးစီဖြင့် သရေကျသွားခဲ့သည်။ စပါးအသင်းအတွက် ဂိုးများကိုတော့ ပွဲချိန် ၂၅ မိနစ်တွင် ပယ်နယ်တီမှတဆင့် ဟယ်ရီကိန်းက သွင်းယူခဲ့လို လူးကပ်မိုရာ အဝေးကန်သွင်းချက်ဖြင့် ပွဲချိန် မိနစ် ၃၀ တွင် သွင်းယူပေးခဲ့သည်။ အိုလံပီယာကော့စ်အတွက် ချေပဂိုးများကိုတော့ ပထမပိုင်းပွဲပြီးနီးတွင် ဒန်နီရယ်က သွင်းယူခဲ့ပြီး ဒုတိယချေပဂိုးကိုတော့ မက်သရူး ဘယ်ဗွန်နာက သွင်းယူပေးခဲ့ခြင်း ဖြစ်သည်။

မန်စီးတီးအသင်းသည် အဝေးကွင်း၌ သုံးဂိုး-ဂိုးမရှိဆိုတဲ့ ရလဒ်နှင့် ရှက်တာဒိုးနက်အသင်းကို အနိုင်ရရှိခဲ့ခြင်း ဖြစ်သည်။ မန်စီးတီးအသင်းအတွက် ဂိုးများကို မာရက်စ်၊ ဂူဒွန်ဂန်နှင့် ဂျီဆပ်တို့က သွင်းယူပေးခဲ့ကြခြင်း ဖြစ်သည်။

ပီအက်စ်ဂျီအသင်းနှင့် ရီးရဲလ်အသင်းတို့ ပွဲစဉ်တွင် ပီအက်စ်ဂျီအသင်းသည် သူ့ရဲ့အိမ်ကွင်းဟာ သုံးဂိုးပြတ်ဆိုတဲ့ ရလဒ်နှင့် ရီးရဲလ်အသင်းကို အနိုင်ရယူထားနိုင်ခဲ့သည်။ ပီအက်စ်ဂျီအသင်းအတွက် အနိုင်ဂိုးများကို ဒီမာရီယာက နှစ်ဂိုးသွင်းယူပေးခဲ့ပြီး သောမက်စ်မာနီယာက တစ်ဂိုး အသီးသီးသွင်းယူပေးခဲ့ကြသည်။

အခြားပွဲစဉ်များဖြစ်သည့် ကလပ်ဘရုနှင့် ဂါလာတာစာရေး ပွဲစဉ်တွင် ဂိုးမရှိသရေ၊ အေသလက်တီကို မက်ဒရစ်နှင့် ဂျူဗင်တပ်ပွဲစဉ်တွင် တစ်ဖက်နှစ်ဂိုးစီ သရေကျသွားခဲ့ကြပြီး ဒိုင်နာမိုဇာဂရက်နှင့် အတ္တလန်တာ ပွဲစဉ်တွင် လေးဂိုး-ဂိုးမရှိဖြင့် ဒိုင်နမိုဇာဂရက်အသင်းက သူ့ရဲ့အိမ်ကွင်းမှာ အနိုင်ရရှိခဲ့သည်။ ဘိုင်ယန်မြူးနစ်အသင်းကလည်း အိမ်ကွင်းမှာ ဇဗက်ဒါအသင်းကို လက်ခံကစားခဲ့ပြီး သုံးဂိုးဖြတ် အနိုင်ရယားထားနိုင်ခဲ့သည်။ လိုကိုမိုတစ်အသင်းသည် လီဗာကူဆင်အသင်းကို အဝေးကွင်းမှာ နှစ်ဂိုး-တစ်ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။

MDN

18640726-0-image-a-59_156883731571818643616-7479197-image-a-72_1568841218036bbb18642270-0-image-a-48_1568839362343aaa