ခန္တီးမြို့နယ် စိန်နန်းကျေးရွာတွင် လက်ဖက်သီးနှံ ကိုင်းဖြတ်ခြင်းဆိုင်ရာ နည်းပညာမိတ်ဆက်ပွဲပြုလုပ်

ခန္တီး၊  ၁၂ ဒီဇင်ဘာ        

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့နယ်၊ စိန်နန်းကျေးရွာတွင် လက်ဖက်သီးနှံ ကိုင်းဖြတ်ခြင်းဆိုင်ရာ နည်းပညာမိတ်ဆက်ပွဲကို ခရိုင်၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနနှင့် တောင်သူများပူးပေါင်း၍ ယနေ့နံနက် ၁၀ နာရီက တောင်သူ ဦးမောင်ကို၏ ဦးပိုင်အမှတ် (၁၂) တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

 

လက်ဖက်ပင် ကိုင်းဖြတ်ခြင်းလုပ်ငန်း ဆောင်ရွက်ပေးခြင်းဖြင့် ကိုင်းသစ်ထွက်မှု၊ ကိုင်းဖြာထွက်မှုနှင့် အရွက်သစ်ထွက်မှု ပိုမိုကောင်းမွန်လာသဖြင့် အထွက်နှုန်းတိုးစေခြင်း၊ လက်ဖက်ရွက်၏ အရည်အသွေးပိုမို ကောင်းလာခြင်း၊ ရောဂါကျအကိုင်းများ ရှင်းလင်းနိုင်သဖြင့် အပင်၏ကျန်းမာရေး ပိုမိုကောင်းမွန်စေခြင်း၊ ကိုင်းအို၊ ကိုင်းဟောင်းများ ဖယ်ရှားပေးခြင်းဖြင့် ထည့်သွင်းသည့် မြေဩဇာအား အပင်မှ ပိုမိုရရှိလာခြင်းနှင့် လက်ဖက်ရွက် ခူးဆွတ်ရာတွင် ပိုမိုလွယ်ကူ သက်သာစေသည့် အကျိုးကျေးဇူးများ ရရှိလာမည်ဖြစ်ကြောင်း ခရိုင်စိုက်ပျိုးရေး ဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးနိုင်မော်လွင်က ပြောသည်။

 

စနေမောင်မောင်(ခန္တီး)