ခန္တီးမြို့နယ်တွင် စိတ်ကြွရူးသွပ်ဆေးပြားများနှင့် လက်နက်/ခဲယမ်း ဖမ်းဆီးရမိ

နေပြည်တော် ၁  ဖေဖော်ဝါရီ

တပ်မတော်နှင့် ခန္တီးမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇန်နဝါရီ ၃၁ ရက် နံနက် ၆ နာရီက ခန္တီးမြို့နယ်၊ မြကျွန်းသာကျေးရွာနေ ကျော်ခင် (ခ)မောင်မြင့်၏ နေအိမ်အားဝင်ရောက်ရှာဖွေရာ ၄င်းအားမတွေ့ရှိဘဲ ဇနီးဖြစ်သူ ဒေါ်ထွေး(ခ)ခင်ခင်ထွေး၊ စိုးသူနှင့် မိုးကျော်တို့အားတွေ့ရှိရပြီး စိတ်ကြွရူးသွပ်ဆေး ၁၀ ပြား၊ တူမီးသေနတ် ၁ လက်တို့ကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ဆက်လက်ရှာဖွေရာတွင် နေအိမ်ခြံဝင်းအတွင်း ကောက်ရိုးပုံထဲမှ အီတလီနိုင်ငံထုတ် ပွိုင့် ၂၂ ပစ္စတို ၁ လက်၊ ၎င်းကျည် ၄၆ တောင့်၊ ၎င်းကျည်အိမ် ၁ ခုတို့ကိုလည်းကောင်း၊ အလားတူ ယင်းနေ့မွန်းလွဲ ၂ နာရီ ၄၅ မိနစ်က မူးယစ်တပ်ဖွဲ့စု (၇) တမူးမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် တမူးမြို့၊ မြို့မ (၁၂-က) ရပ်ကွက်၊ အမှတ် (၃၁၉) နေ မလန်းခိုနင်၏နေအိမ်အား ဝင်ရောက်ရှာဖွေရာ ၎င်းနှင့်အတူယဉ်အေး၊ အိန္ဒိယနိုင်ငံသူ မထွေဘိတို့အား တွေ့ရှိရပြီး စိတ်ကြွရူးသွပ်ဆေး  ၆၄ ပြား သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။

(ကိုရဲ)