ခရီးသည်ယာဉ်ပေါ်မှ ရှေးဟောင်းပစ္စည်းများဟုယူဆရသော ပုရပိုက်နှင့် ပန်းပုများသိမ်းဆည်းရမိ

နေပြည်တော်  ၁  ဖေဖော်ဝါရီ 

    
မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ (၁၆)မိုင်စစ်ဆေးရေးစခန်း၊ မန္တလေး-ပြင်ဦးလွင်ကားလမ်း၊ အတက်လမ်းတွင်  ဇန်နဝါရီလ ၃၁ ရက် ည ၁၀ နာရီ ခန့်က အကောက်ခွန်ဦးစီးဌာနမှဝန်ထမ်းများ၊ မြို့နယ် သစ်တောဦးစီးဌာနမှ ဝန်ထမ်းများ၊ မန္တလေးတိုင်း ဒေသကြီးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သည့် ပူးပေါင်း အဖွဲ့သည် သက်သေများနှင့်အတူ YGN 4F/××× Express ခရီးသည်ယာဉ်အား  ရပ်တန့်စစ်ဆေးရာ ယာဉ်မောင်း တောင်သာမြို့နယ်၊  အမှတ်(၁)ရပ်ကွက်နေ ထွန်းလင်းနိုင်(၃၉)နှစ် ထံမှ စက္ကူဂျပ်ဖာဖြင့် ထည့်လျက် ရှေးဟောင်းဝတ္ထု ပစ္စည်းများဟု ယူဆရသော ပုရပိုက်(၁၄)ထုပ်၊ သစ်ဖြင့်ပြုလုပ်ထားသော ကြာပန်းပုံ ပန်းပုအဝိုင်းပြား (၂)ချပ်တို့ကို တွေ့ရှိသိမ်းဆည်းရမိခဲ့သည်။


အဆိုပါဖြစ်စဉ်နှင့်ပတ်သက်ပြီး ထွန်းလင်းနိုင်အား အုန်းချောနယ်မြေရဲစခန်းမှ  ရှေးဟောင်းပစ္စည်းများ ကာကွယ်ထိန်းသိမ်းရေးဥပဒေပုဒ်မဖြင့် အရေးယူထားကြောင်း သတင်းရရှိသည်။


(ရဲပြန်ကြား)