ချယ်လ်ဆီးအသင်း၏ တစ်နှစ်တာအကောင်းဆုံးဆုများကို ဟာဇက် ဆွတ်ခူးရရှိ

၁၁ မေ

ချယ်လ်ဆီးအသင်း၏ တစ်နှစ်တာအကောင်းဆုံးဆုများကို ကွင်းလယ်တိုက်စစ်ကစားသမား ဟာဇက် မှ ဆွတ်ခူးရရှိခဲ့ကြောင်း သိရသည်။

ဟာဇက်သည် ချယ်လ်ဆီးအသင်း၏ အဓိကဆုဖြစ်သည့် တစ်နှစ်တာအကောင်းဆုံးကစားသမားဆု အပြင် အသင်းဖော်များရွေးချယ်သည့် အကောင်းဆုံးဆု၊ အကောင်းဆုံးသွင်းဂိုးဆု အစရှိသည့် ဆု (၃)ခုစလုံးကို တစ်ပြိုင်နက် ဆွတ်ခူးရရှိခဲ့ပြီး ယင်းဆု (၃)ခုလုံးကို တစ်ပြိုက်နက်ရရှိသည့် ပထမဆုံး ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့သည်။

 

mdn

 

ဟာဇက်သည် တစ်နှစ်တာအကောင်းဆုံးဆုကို ၂၀၁၄၊ ၂၀၁၅ နှင့် ၂၀၁၇ ခုနှစ်များတွင် ရရှိခဲ့ပြီး ယခုနှစ်တွင် အသင်းစံချိန်တင်အဖြစ် (၄)ကြိမ်မြောက် ရရှိခဲ့ခြင်းဖြစ်သည်။ ထို့အပြင် Corabao Cup (လိဂ်ဖလား)ပြိုင်ပွဲ လီဗာပူးလ်နှင့်ပွဲတွင် ဟာဇက်သွင်းယူခဲ့သည့် ဂိုးမှာလည်း အကောင်းဆုံးဂိုးအဖြစ် ရွေးချယ်ခံခဲ့ရကြောင်း သိရသည်။

MDN
Sorce : Daily mail