ကိုဗစ်-၁၉ ၏ သက်ရောက်မှုက ဆင်းရဲသည့်နိုင်ငံများကို ပိုမိုထိခိုက်စေခဲ့

လန်ဒန် ၁၂  စက်တင်ဘာ

 

ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ဖြစ်ပေါ် လာသည့် ဆိုးကျိုးများကို ဓနအင်အား တောင့်တင်းသည့် နိုင်ငံများထက် ဆင်းရဲသည့်နိုင်ငံများမှ ပြည်သူများ ပိုမိုခံစားခဲ့ရကြောင်း ဘီဘီစီသတင်းဌာန၏ ကမ္ဘာလုံးဆိုင်ရာစစ်တမ်းတွင် ဖော်ပြသည်။

 

ကိုဗစ်-၁၉ ကမ္ဘာ့နိုင်ငံများသို့ ပျံ့နှံ့ ခဲ့သည့် ပြီးခဲ့သည့် မတ် ၁၁ ရက်မှ စတင်ပြီး ခြောက်လကြာ နိုင်ငံ အသီးသီးရှိ လူဦးရေ ၃၀၀၀၀ ကို စစ်တမ်းကောက်ယူခဲ့ရာ ဆင်းရဲသည့် နိုင်ငံများမှ လူငယ်များက ကိုဗစ် ကာလ နေအိမ်များအတွင်းနေထိုင်ရန် ညွှန်ကြားချက်များကြောင့် ၎င်းတို့ အနေဖြင့် အဆိုးရွားဆုံးအကျပ် အတည်းကို ရင်ဆိုင်ခဲ့ရကြောင်း အဖြေပေးခဲ့သည်။

 

ဆင်းရဲသည့်နိုင်ငံများမှ နိုင်ငံသားများ၏ဝင်ငွေ ၆၉ ရာခိုင်နှုန်း ကျဆင်းချိန်တွင် ချမ်းသာကြွယ်ဝသည့်နိုင်ငံမှ ပြည်သူများဝင်ငွေ ၄၅ ရာခိုင်နှုန်းသာ ကျဆင်းခဲ့သည့်အပြင် ယခင်ကတည်းက တစ်ဦးချင်းဝင်ငွေ ကွာဟမှုကြီးမား ခြင်းကလည်း ကိုဗစ်-၁၉ ကြောင့် စီးပွားရေးအကျပ်အတည်းကို ဆင်းရဲသည့်နိုင်ငံများမှ နိုင်ငံသားများ ပိုမို တွေ့ကြုံခံစားရခြင်းဖြစ်သည်။

 

ကိုးကား-ဘီဘီစီ

ဘာသာပြန်-မေလဲ့သင်း