ကိုဗစ်-၁၉ ကာကွယ်ဆေးကို နိုင်ငံပေါင်း ၉၀ ကျော်သို့ ပို့ဆောင်နိုင်ရန် ယူနီဆက်အဖွဲ့ ကြိုးပမ်းနေ

ဂျီနီဗာ ၂၅ နိုဝင်ဘာ

ကိုဗစ်-၁၉ ကာကွယ်ဆေး အဆင်သင့်ဖြစ်သည်နှင့် တစ်ပြိုင်နက် နိုင်ငံပေါင်း ၉၂ နိုင်ငံသို့ ပို့ဆောင်ဖြန့်ဖြူး ပေးနိုင်ရန်အတွက် ကုလသမဂ္ဂကလေးများ အရေးပေါ် ရန်ပုံငွေအဖွဲ့က အဓိကလေကြောင်းလိုင်းများ၊ သင်္ဘောများနှင့် ပို့ဆောင်ရေးဆိုင်ရာ အဖွဲ့အစည်းများအပါအဝင် မိတ်ဖက်အဖွဲ့အစည်းပေါင်း ၃၅၀ ကျော်နှင့် အတူတကွ လုပ်ဆောင်လျက်ရှိကြောင်း ယူနီဆက်အဖွဲ့က နိုဝင်ဘာ  ၂၃ ရက်တွင် ပြောကြားခဲ့သည်။

ပို့ဆောင်နိုင်ရန် ကြိုးပမ်းနေ ယူနီဆက်အဖွဲ့ ထောက်ပံ့ရေးဌာနခွဲဒါရိုက်တာ အက်တလီဗာ ကာဒီလီက မိမိတို့အနေဖြင့် ပြည်သူလူထု၏ အသက်ကိုကယ်တင်နိုင်မည့် ကာကွယ်ဆေးကို မြန်မြန်ဆန်ဆန်နှင့် ဘေးကင်းလုံခြုံစွာ ပို့ဆောင်ပေးနိုင်ရေးအတွက် သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့်အတူ အင်အားစိုက်ထုတ် ကြိုးပမ်းလျက်ရှိကြောင်း ပြောကြားခဲ့သည်။ သမိုင်းဝင်လှုပ်ရှားမှု ဖြစ်လာမည်။

သမိုင်းဝင်လှုပ်ရှားမှုတစ်ခုဖြစ်လာမည့် ကာကွယ်ဆေး ဖြန့်ဝေမှုတွင် ကာကွယ်ဆေးပို့ဆောင်ရန်အတွက် ခိုင်မာလုံလောက်သော သယ်ယူပို့ဆောင်မှုဖြစ်စေရန် တန်ဖိုးမဖြတ်နိုင်သည့် လက်တွဲပူးပေါင်း ဆောင်ရွက်မှုဖြင့် ခရီးရှည်တစ်ခုကို သွားရောက်မည်ဖြစ်ကြောင်း ယူနီဆက် ထောက်ပံ့ရေးဌာနခွဲဒါရိုက်တာ အက်တလီဗာက ပြောကြားခဲ့သည်။

ဆင်ဟွာ