ကိုဗစ် - ၁၉ ကြောင့် နိုဘယ်ဆုချီးမြှင့်ပွဲ တက်ရောက်သူ လျှော့ချမည်

အော်စလို  ၂၃ စက်တင်ဘာ  

နော်ဝေနိုင်ငံတွင်      ဒီဇင်ဘာလအတွင်း  ကျင်းပမည့် ယခုနှစ်အတွက်   နိုဘယ်ဆုချီးမြှင့်ပွဲ   အခမ်းအနားကို ကိုဗစ်- ၁၉ ကြောင့် တက်ရောက်သူ အရေအတွက် လျှော့ချကျင်းပသွား မည်ဟု   နိုဘယ်ဆုချီးမြှင့်ရေး အကြီးအကဲက စက်တင်ဘာ ၂၂ ရက်တွင် ပြောကြားခဲ့သည်။

၂၀၂၀ ပြည့်နှစ်အတွက် နိုဘယ်ဆု ရရှိသူများအား အောက်တိုဘာ ၉ ရက်တွင် ကြေညာမည်ဟု  ရက်သတ်မှတ် ထားပြီး ဆုပေးပွဲအခမ်းအနားကို အစဉ်အလာအားဖြင့် ဒီဇင်ဘာ ၁၀ ရက်တွင် ကျင်းပလေ့ရှိသည်။

ယခင်နှစ်များနှင့် မတူညီသည်မှာ ယခုနှစ်အတွက် ဆုချီးမြှင့်ပွဲအခမ်းအနားကို အော်စလိုမြို့ မြို့တော်ခန်းမ အတွင်း ကျင်းပမည်မဟုတ်ပေ။

အဆိုပါ    မြို့တော်ခန်းမသည် လူဦးရေ   ၁၀၀၀  အထိ  ဆံ့သည်။ အဆိုပါ ခန်းမတွင် ကျင်းပမည့်အစား လူဦးရေ    ၁၀၀  ဆံ့ အော်စလို တက္ကသိုလ်ခန်းမ၌    ကျင်းပသွားမည် ဖြစ်သည်။

ဆုရရှိသူများအား ညစာစားပွဲနှင့် တည့်ခင်းဧည့်ခံသည့် ပွဲကိုလည်း ဆုပေးပွဲညပိုင်း  ကျင်းပလေ့ရှိသော် လည်း ယခုနှစ်တွင်မူ ဖျက်သိမ်းသွားမည်ဟု သိရသည်။  ယခုနှစ်အတွက်   ဆုရရှိသူများ သည်လည်း ယခုနှစ်တွင်  နော်ဝေနိုင်ငံသို့ လာရောက်ကာ ဆုလက်ခံရယူနိုင်ခြင်းရှိ မရှိမှာ လည်း မသေချာသေးပေ။

ထို့အပြင် နိုဘယ်ဆုချီးမြှင့်ရေး အဖွဲ့သည် အွန်လိုင်းမှ ဆုချီးမြှင့်ပွဲ အခမ်းအနား ကျင်းပရန်လည်း စဉ်းစားနေကြသည်ဟု   သိရသည်။

အေအက်ဖ်ပီ