ကိုဗစ်-၁၉ ကပ်ဘေးသင့်ချိန်မှစကာ အမေရိကန်ပြည်ထောင်စု၌ ကလေးငယ် ၁၃ သန်းကျော် ကိုဗစ်-၁၉ စမ်းသပ်တွေ့ရှိ

ဝါရှင်တန် မေ ၁၁

 

ကိုဗစ်-၁၉ ကပ်ဘေးသင့်ချိန်မှစကာ အမေရိကန်ပြည်ထောင်စုတွင် ကလေးငယ် ၁၃ သန်းကျော် ကိုဗစ်-၁၉ စမ်းသပ်တွေ့ရှိခဲ့ကြောင်း အမေရိကန်ကလေးဆေးပညာနှင့် ကလေးဆေးရုံများအဖွဲ့၏ နောက်ဆုံးဖော်ပြချက်အရ သိရသည်။

 

မေ ၅ ရက်တွင် အဆုံးသတ်ခဲ့သော ရက်သတ္တပတ်အထိနောက်ထပ် ကလေးငယ်ပေါင်း ၆၂၀၀၀ ကျော် ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားခဲ့သည်။ ကလေးများ ကိုဗစ်-၁၉ ကူးစက် ဖြစ်ပွားမှုသည် လွန်ခဲ့သော သီတင်းပတ် နှစ်ပတ်ကထက် ၆၉ ရာခိုင်နှုန်း တိုးလာကြောင်း မေ ၉ ရက်နှောင်းပိုင်းတွင် ထုတ်ပြန်ခဲ့သော အမေရိကန်ကလေးဆေးပညာနှင့် ကလေးဆေးရုံများအဖွဲ့၏ နောက်ဆုံးဖော်ပြချက်အရ သိရသည်။

 

အမေရိကန်ပြည်ထောင်စု၌ ကလေးများတွင် ကိုဗစ်-၁၉ကူးစက်ဖြစ်ပွားမှုသည် သီတင်း ၂ ပတ်လေးပတ်ဆက်တိုက် တိုးလာခဲ့သည်။

 

လွန်ခဲ့သော သီတင်းပတ်လေးပတ်က ကိုဗစ်-၁၉ ထပ်မံကူးစက်ဖြစ်ပွားသော ကလေးငယ်ပေါင်း ၁၈၆၀၀၀ ခန့် တိုးလာခဲ့သည်။

 

၂၀၂၂ ခုနှစ်တွင် ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားသော ကလေးငယ်ပေါင်း ၅ ဒသမ ၂ သန်း နီးပါးအထိ ရှိလာကြောင်း အစီရင်ခံစာအရ သိရသည်။

 

နောက်ထပ် ကိုဗစ်-၁၉ မျိုးစိတ်သစ်နှင့် ဆက်စပ်လျက်ရှိသော ပြင်းထန်သောဖျားနာမှုများကို အကဲဖြတ်ရန်၊ နောက်ထပ် အသက်အပိုင်းအခြား အသေးစိတ်အချက်အလက်များကို စုဆောင်းရန် အရေးတကြီးလိုအပ်လျက် ရှိကြောင်း အမေရိကန် ကလေးဆေးပညာနှင့် ကလေးဆေးရုံများအဖွဲ့က ပြောကြားလိုက်သည်။

ဆင်ဟွာ