ကိုဗစ်-၁၉ ကပ်ရောဂါ ကာလအတွင်း ပီရူးတွင် အလုပ်သမား ခြောက်သန်းကျော် အလုပ်အကိုင် ဆုံးရှုံး

၂၅ စက်တင်ဘာ

 

 

ပီရူးနိုင်ငံတွင် ကိုဗစ်-၁၉ ကပ်ရောဂါ ကာလအတွင်း ပီရူးလူမျိုး ခြောက်သန်းကျော် အလုပ်လက်မဲ့ ဖြစ်ခဲ့ရကြောင်း ပီးရူးအလုပ်သမားရေးရာဝန်ကြီးက စက်တင်ဘာလ ၂၄ ရက်နေ့က ပြောကြားခဲ့သည်။

 

 

ပီရူးနိုင်ငံတွင် လူဉီးရေ ၃၈ သန်း ရှိသည့်အနက် ရှစ်ရာခိုင်နှုန်းမှာ အလုပ်လက်မဲ့များဖြစ်သည်။ မြို့တော် လီမာတွင်လည်း အလုပ်လက်မဲ့ ဉီးရေမှာ ၁၅ ရာခိုင်နှုန်းအထိ တိုးမြှင့်လာလျက်ရှိကြောင်း အလုပ်သမားရေးရာဝန်ကြီးက ပြောကြားခဲ့သည်။

 

 

ကပ်ရောဂါကူးစက်မှုကြောင့် စီးပွားရေး လုပ်ငန်းများ ပိတ်ထားခဲ့ရပြီး ပီရူးလူမျိုး ၆၇၂၀၀၀၀မှာ ၎င်းတို့၏ အလုပ်အကိုင်များ ဆုံးရှုံးခဲ့ရကြောင်း  ပီးရူး အမျိုးသားစာရင်းအင်းနှင့် သတင်းအချက်အလက်ဌာနက မကြာသေးမီက သတင်းထုတ်ပြန်ခဲ့သည်။

 

 

ပီရူးအစိုးရက ရောဂါဖြစ်ပွားမှု တားဆီးရန်အတွက် တင်းကျပ်သည့် အစီအမံများ ထားရှိခဲ့သော်လည်း စီးပွားရေး လုပ်ငန်းများကို တဖြည်းဖြည်း ပြန်လည် လည်ပတ်နိုင်ရန် စီစဉ်ထားလျက်ရှိသည်။

 

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မေဇော်ထက်

mdn