ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် အာရှအားကစားပြိုင်ပွဲ ရွှေ့ဆိုင်း

ရန်ကုန်   မေ   ၉

တရုတ်နိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် ၂၀၂၂ အာရှအားကစားပြိုင်ပွဲကို ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ရွှေ့ဆိုင်းလိုက်ပြီဖြစ်သည်။ ယင်းပြိုင်ပွဲကို စက်တင်ဘာ ၁၀ ရက်မှ ၂၅ ရက်အထိ တရုတ်နိုင်ငံ ဟန်ကျိုးမြို့တွင် ကျင်းပရန်စီစဉ်ထားသော်လည်း ကပ်ရောဂါအခြေအနေကြောင့် ရွှေ့ဆိုင်းကြောင်း ပြီးခဲ့သည့်ရက်ပိုင်းက ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ အာရှအားကစားပြိုင်ပွဲကို လေးနှစ် တစ်ကြိမ် ကျင်းပခြင်းဖြစ်ပြီး တရုတ်နိုင်ငံအနေဖြင့် အိမ်ရှင်အဖြစ် သုံးကြိမ်မြောက် လက်ခံ ကျင်းပခွင့် ရရှိခြင်းဖြစ်သည်။

တရုတ်နိုင်ငံအနေဖြင့် အာရှအားကစားပြိုင်ပွဲ ပြန်လည်ကျင်းပမည့်ကာလကို ထပ်မံထုတ်ပြန်မည် ဖြစ်သည်။ မြန်မာအားကစားအဖွဲ့အနေဖြင့် ယင်းပြိုင်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်မည်ဖြစ်သော်လည်း ယှဉ်ပြိုင်မည့် အားကစားနည်းများ မရွေးချယ်ရသေးကြောင်း သိရသည်။ မြန်မာအားကစားအဖွဲ့များ အနေဖြင့် အာရှအားကစားပြိုင်ပွဲ ပုံမှန်အတိုင်းကျင်းပဖြစ်ပါက လက်ရှိယှဉ်ပြိုင်နေသည့် ဆီးဂိမ်းပြိုင်ပွဲ အပြီးတွင် ဆက်လက်ပြင်ဆင်ရမည်ဖြစ်သော်လည်း ရွှေ့ဆိုင်းလိုက်သဖြင့် လာမည့်နှစ်မှသာ အားကစား ပြိုင်ပွဲများ ပြန်လည်ယှဉ်ပြိုင်ရမည်ဖြစ်သည်။

၂၀၂၂ အာရှအားကစားပြိုင်ပွဲတွင် အားကစားနည်း ၄၀ ထည့်သွင်းကျင်းပမည်ဖြစ်သည်။

ကိုညီလေး