ကိုဗစ်-၁၉ မူလဇစ်မြစ်စုံစမ်းဖော်ထုတ်ရန် ဝူဟန်သို့  သုတေသနအဖွဲ့ WHO စေလွှတ်မည်

ကိုဗစ်-၁၉ ၏ မူလဇစ်မြစ်ကို စုံစမ်းဖော်ထုတ်ရန်အတွက် လာမည့်လအစောပိုင်းတွင် တရုတ်နိုင်ငံ ဝူဟန်မြို့သို့  သုတေသနပညာရှင် အဖွဲ့တစ်ဖွဲ့ စေလွှတ်ရန် WHO အဖွဲ့အစည်းက ပြင်ဆင်လျက်ရှိသည်။

 

ဇန်နဝါရီလအတွင်း အပြည်ပြည်ဆိုင်ရာသုတေသနပညာရှင် အဖွဲ့တစ်ဖွဲ့အား  တရုတ်နိုင်ငံသို့ အမြန်ဆုံး သွားရောက်နိုင်ရန်အတွက် ထောက်ပံ့ပို့ဆောင်ရေးအစီအစဉ်များ ပြုလုပ်ပေးလျက်ရှိကြောင်း WHO ပြောခွင့်ရ ပုဂ္ဂိုလ်တစ်ဉီးက NHK သို့ ဒီဇင်ဘာလ ၁၆ရက်နေ့က ပြောကြားခဲ့သည်။

 

အဆိုပါ သုတေသနအဖွဲ့သည် ကပ်ရောဂါ စတင်ဖြစ်ပွားခဲ့သည့် ဝူဟန်တွင် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်မည်ဖြစ်သည်။

 

ဇူလိုင်လအတွင်းကလည်း ဝူဟန်မှာ ရောဂါစစ်တမ်းကောက်ယူရန်အတွက် ကုလမသဂ္ဂအဖွဲ့မှ အရာရှိနှစ်ဉီးကိုလည်း ပေကျင်းသို့ စေလွှတ်ခဲ့သေးသည်။

 

ဝူဟန်ကို လာရောက်လေ့လာခြင်းမှာ ဗိုင်းရပ်စ်ကို မည်သည့် နေရာက စတင်ခဲ့သည်ဆိုသည့် အချက်ကို လေ့လာရန်ဖြစ်ပြီး နောင်တွင် အဆိုပါ ကပ်ရောဂါကဲ့သို့ ဗိုင်းရပ်စ် ပျံ့နှံ့ခြင်းမဖြစ်စေရန် ဖြစ်ကြောင်း WHO က ပြောကြားခဲ့သည်။

 

ကိုးကား-အန်အိတ်ချ်ကေ

ဘာသာပြန်-မေဇော်ထက်