ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများတွင် အသုံးပြုရန်အတွက် Liquid Oxygen (၂၁) တန်အား ဝေဘာဂီ အထူးကုဆေးရုံသို့ လှူဒါန်း

မြောက်ဥက္ကလာပ ဩဂုတ် ၇

 

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရန်အတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ယူနန်ပြည်နယ် လူမှုကူညီရေးအသင်းနှင့် ယူနန်ပြည်သူလူထုများမှ လှူဒါန်းသည့် Liquid Oxygen တန် (၂၅၀) ထဲမှ (၂၁) တန်အား ဝေဘာဂီအထူးကုဆေးရုံသို့ ယနေ့ နံနက် ၇ နာရီခွဲကလှူဒါန်းခဲ့ကြောင်း သိရသည်။

 

အဆိုပါ လှူဒါန်းသည့် Liquid Oxygen (၂၁) တန်အား မြန်မာနိုင်ငံ တရုတ်ကုန်သည်ကြီးများအသင်း ကိုယ်စားလှယ် ဦးအိုက်ထွန်းမှ လှူဒါန်းရာ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှစိုး၊ ရန်ကုန်တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဝန်ကြီး ဗိုလ်မှူးကြီးဝင်းတင့်၊ ရန်ကုန်တိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ ဦးထွန်းမင်း၊ ကျန်းမာရေးဝန်ကြီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာသီတာလှ၊ ဝေဘာဂီအထူးကုဆေးရုံအုပ်ကြီး ဒေါက်တာ အေးအေးအောင်တို့မှ လက်ခံရယူခဲ့ပြီး အလှူရှင်အား ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။

 

မြို့နယ်(ပြန်/ဆက်)