ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာပစ္စည်းများ အချိန်နှင့်တပြေးညီ တင်သွင်းခွင့်ပြုပေးလျက်ရှိ

 

နေပြည်တော်၊ ဩဂုတ် ၃၀

 

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ပစ္စည်းများကို အများပြည်သူ ရုံးပိတ်ရက်များတွင် လေကြောင်း၊ ရေကြောင်း နှင့် နယ်စပ်ကုန်သွယ်ရေးစခန်းများမှ နှောင့်နှေးကြန့်ကြာမှုမရှိ တင်သွင်းနိုင်ရေးအတွက် အချိန်နှင့် တပြေးညီ စီစဉ်ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၊ ဆိပ်ကမ်းများနှင့် မူဆယ်၊ ချင်းရွှေဟော်၊ မြဝတီနှင့် တာချီလိတ် ကုန်သွယ်ရေးစခန်း (၄) ခုတို့မှ တင်သွင်းရာ၌ကုမ္ပဏီ (၁၈) ခုမှ ယာဉ်စီးရေ (၂၈) စီးဖြင့် အောက်ဆီဂျင် (အရည်) Bowserယာဉ် (၃) စီးဖြင့် (၅၉) တန်၊ အောက်ဆီဂျင် (အရည်) အိုးဖြင့် (၄) တန်၊ အောက်ဆီဂျင် (အိုးခွံ) (၄၉၀၀)၊ အောက်ဆီဂျင် Plant (၆) ခု၊ Oxygen Generator (၁) ခု၊ အိမ်သုံး Oxygen Concentrator (၃၈၈) ခု၊ Test Kit (၃၀၀၀) ၊ PPE ဝတ်စုံ (၂၅၀၀) နှင့်နှာခေါင်းစည်း (Mask) (၁၃) တန်တင်သွင်းခဲ့သည်။ အောက်ဆီဂျင် အရည် (Bowser) ယာဉ် (၃) စီးမှာ ရန်ကုန်မြို့သို့ဖြစ်ပြီး Oxygen Plant (၆) ခုမှာ ရန်ကုန်မြို့သို့ (၅) ခုနှင့် မော်လမြိုင်မြို့သို့ (၁) ခု ဖြစ်ကြောင်း သိရသည်။

 

ကိုဗစ်-၁၉ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ပစ္စည်းများကို သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းထားသည့် SOP များနှင့်အညီ ဦးစားပေးတင်သွင်းခွင့် ပြုပေးလျက်ရှိပါကြောင်းနှင့် ဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများ တင်သွင်းခြင်းနှင့်ဆက်စပ်သည့် အသိပေး ကြေညာချက်များကိုလည်း အများပြည်သူသိရှိစေရန် ဝန်ကြီးဌာန Website ဖြစ်သည့် commerce.gov.mm တွင် ဝင်ရောက်ကြည့်ရှု နိုင်ရေးစီစဉ်ဆောင်ရွက်ပေးထားကြောင်းသိရသည်။

 

သတင်းစဉ်