ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ကုသရေးဆိုင်ရာပစ္စည်းများ ပြည်ပမှ အဆင်ပြေချောမွေ့စွာ တင်သွင်းနိုင်ရေး ဆောင်ရွက်ပေးလျက်ရှိ

နေပြည်တော် ဇန်နဝါရီ ၂၉

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အနေဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာပစ္စည်းများကို လေကြောင်း၊ ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေးစခန်း များမှ နှောင့်နှေးကြန့်ကြာမှုမရှိ တင်သွင်းနိုင်ရေးအတွက် အချိန်နှင့်တပြေးညီစီစဉ်ဆောင်ရွက်ပေး လျက်ရှိရာ ယနေ့တွင် ချင်းရွှေဟော်ကုန်သွယ်ရေးစခန်းမှ တင်သွင်းရာကုမ္ပဏီ (၁) ခု မှယာဉ်စီးရေ (၂) စီးဖြင့် လက်အိတ် (၁၂) တန်တို့ကို တင်သွင်းခဲ့သည်။                           

၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ (၁) ရက်မှ (၂၉) ရက်အတွင်း ကုမ္ပဏီ (၇) ခုမှ ယာဉ်စီးရေ (၁၄) စီးဖြင့် အောက်ဆီဂျင်အရည် (Bowser) တန် (၂၀) ၊ အိမ်သုံးအောက်ဆီဂျင်စက် Oxygen Concentrator (၈၄၆) ခု၊ လက်အိတ် (၄၃) တန်နှင့် နှာခေါင်းစည်း (Mask) (၇၅) တန်တို့ကို တင်သွင်းခွင့်ပြုခဲ့ပြီး၊ အောက်ဆီဂျင်အရည် (Bowser) ယာဉ် (၁) စီးမှာ မြဝတီကုန်သွယ်ရေးဇုန်မှ ရန်ကုန်မြို့သို့ဖြစ် ကြောင်း သိရသည်။

ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာပစ္စည်းများကို သက်ဆိုင်ရာဌာနများ နှင့်ညှိနှိုင်းထားသည့် SOP များနှင့်အညီ ဦးစားပေးတင်သွင်းခွင့်ပြုပေးလျက်ရှိပါကြောင်းနှင့် ဆေးဝါး နှင့်ဆက်စပ်ပစ္စည်းများ တင်သွင်းခြင်းနှင့် ဆက်စပ်သည့် အသိပေးကြေညာချက်များကိုလည်း အများ ပြည်သူသိရှိစေရန် ဝန်ကြီးဌာန Website ဖြစ်သည့် commerce.gov.mm တွင် ဝင်ရောက်ကြည့်ရှု နိုင်ရေး စီစဉ်ဆောင်ရွက်ပေးထားကြောင်း သိရသည်။

(သတင်းစဉ်)