ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ကုသရေးဆိုင်ရာပစ္စည်းများအား  ပြည်ပမှတင်သွင်းနိုင်ရေး ပိတ်ရက်မရှိ ဆောင်ရွက်ပေးလျက်ရှိ

နေပြည်တော် စက်တင်ဘာ ၆

 

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ပစ္စည်းများကို အများပြည်သူ ရုံးပိတ်ရက်များတွင် လေကြောင်း၊ ရေကြောင်း နှင့် နယ်စပ်ကုန်သွယ်ရေး စခန်းများမှ နှောင့်နှေးကြန့်ကြာမှုမရှိ တင်သွင်းနိုင်ရေးအတွက် အချိန်နှင့် တစ်ပြေးညီ စီစဉ်ဆောင်ရွက်ပေးလျက်ရှိရာ ၆-၉-၂၀၂၁ ရက်နေ့တွင် ဆိပ်ကမ်းများနှင့် မူဆယ်၊ ချင်းရွှေဟော် နှင့် မြဝတီကုန်သွယ်ရေးစခန်း (၃) ခု တို့မှ တင်သွင်းရာ၌ကုမ္ပဏီ (၁၄) ခုမှ ယာဉ်စီးရေ (၃၅) စီးဖြင့် အောက်ဆီဂျင် (အရည်) Bowser ယာဉ် (၂) စီး ဖြင့် (၃၉) တန်၊ အောက်ဆီဂျင် (ဓာတ်ငွေ့) Bowser ယာဉ် (၁) စီးဖြင့် (၂၀) တန်၊ အောက်ဆီဂျင် (အိုးခွံ) (၃၂၈၅) ခု၊ Oxygen Plant (၅) ခု၊ အိမ်သုံး Oxygen Concentrator (၅၃၄) ခု၊ PPE (၈၈၀၇၀) စုံနှင့် နှာခေါင်းစည်း (Mask) (၇၃) တန် တင်သွင်းခဲ့သည်။ အောက်ဆီဂျင် (အရည်) Bowser ယာဉ် (၂) စီးမှာ ရန်ကုန်မြို့နှင့် နေပြည်တော်သို့ဖြစ်ပြီး အောက်ဆီဂျင် (ဓာတ်ငွေ့) Bowser ယာဉ်(၁) စီး မှာ ပြည်မြို့သို့ဖြစ်သည်။ Oxygen Plant (၅)ခု မှာ ရန်ကုန်မြို့သို့ (၃)ခု၊ လာရှိုးမြို့နှင့် မိတ္ထိလာမြို့ သို့ (၁)ခု စီ ဖြစ်ကြောင်းသိရသည်။

 

ကိုဗစ်-၁၉ရောဂါကာကွယ်၊ ထိန်းချုပ်၊ကုသရေးဆိုင်ရာ ပစ္စည်းများကို သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းထားသည့် SOP များနှင့်အညီ ဦးစားပေး တင်သွင်းခွင့်ပြုပေးလျက် ရှိကြောင်းနှင့် ဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများ တင်သွင်းခြင်းနှင့်ဆက်စပ်သည့် အသိပေးကြေညာချက်များကိုလည်း အများပြည်သူသိရှိစေရန် ဝန်ကြီးဌာန Website ဖြစ်သည့် commerce.gov.mm တွင် ဝင်ရောက်ကြည့်ရှု နိုင်ရေး စီစဉ်ဆောင်ရွက်ပေးထားကြောင်း သိရသည်။

 

သတင်းစဉ်