ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနှင့် ဆေးပစ္စည်းများ နေ့စဉ်စစ်ဆေး ထုတ်ပေးလျက်ရှိ

နေပြည်တော် ဩဂုတ် ၉

 

အကောက်ခွန်ဦးစီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးပစ္စည်းများအား လေကြောင်း၊ ဆိပ်ကမ်း၊ နယ်စပ် ဂိတ်အသီးသီးမှ ရုံးပိတ်ရက်ရှည်ကာလအတွင်း နေ့စဉ်ရုံးပိတ်ရက် မရှိ လွယ်ကူချောမွေ့စွာ စစ်ဆေးထုတ်ပေးလျက်ရှိရာ ဩဂုတ် ၉ ရက်၌ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ကုမ္ပဏီ ၇၅ ခုမှ DICLOMED100 (၁၀၀၀၀)၊ Enoxaparin Sodium Injection ၈၀၀၀၊ Enoxaparin Sodium Injection IP 60 MG ၉၀၀၊i Flow Meter ၂၅၉၂ ခု၊ M-Noxa Exonaparin Sodium Injection ၁၁၂၅ ခုı Oximeter ၇၅၅၀ ခု၊ Oxygen Concentrator ၄၂၄၂ ခု၊ Oxygen Cylinder တစ်ခု၊ Oxygen Mask အခု ၁၅၀၀၀၊ Oxygen Regulator ၄၃၅၅၊ Oxygen Reservoir ၅၀၀၀၊ Pegking PPS 6 MG 0.6 ML Injection ၉၉၅ ခု၊ Oxygen Concentrator Spare Parts ၄၈၂ ခု၊ Sprayer ၂၀၂၀၀၀၊ ရန်ကုန်ဆိပ်ကမ်းများတွင် ကိုဗစ်- ၁၉ ကာကွယ် ကုသဆေး နှင့် အခြားဆေးမျိုးစုံ ၁၀၆၈၃၂ ဒသမ ၂၈၄ ကီလိုဂရမ် နယ်စပ် (ကော့သောင်း၊ လွယ်ဂျယ်၊ မူဆယ်၊ ချင်းရွှေဟော်၊ မြဝတီ၊ တာချီလိတ်) တွင် ကုမ္ပဏီ ၄၈ ခုမှ Oxygen Cylinder ၇၀၂၄ ခု၊ Oxygen Concentrotor အခု ၈၂၀ ၊ Mask ၆၃၀၆၂ ခု၊ Liquid Oxygen (၃၀၆၉၀.၉)၊ Flow Meter ၄၅၀ ၊ PPE ၈၂၆၀ ၊ Oximeter ၁၁၀၀၊ Disposable Cap ၄၅၀၀ kg၊ Oxygen Plant တစ်ခုı Sodium Chloride Injection အခု ၃၃၀၀၀၊ Disposable Syringe ၁၀၀၀၊ Liquid Oxygen ၂၁ ဒသမ ၁၄ တန်၊ Oxygen Mask ၂၅၀၀၀ ၊ Oxygen Regulator ၄၉၅၀ တို့ကို ထုတ်ပေးခဲ့ကြောင်း သတင်းရရှိသည်။

 

သတင်းစဉ်