ကိုဗစ်-၁၉ ရောဂါ ကင်းစင်သောနိုင်ငံဖြစ်လာသည့် ကမ္ဘောဒီးယား 

ဖနောင်ပင် ဇွန် ၇

 

ကမ္ဘောဒီးယားနိုင်ငံသည် နိုင်ငံအတွင်း နောက်ဆုံးကိုဗစ်လူနာတစ်ဦး ရောဂါမှ ပြန်လည်သက်သာလာပြီးနောက် ကိုဗစ်-၁၉ ရောဂါ လုံးဝကင်းစင်သော နိုင်ငံတစ်နိုင်ငံဖြစ်လာကြောင်း ယနေ့ထုတ်ပြန်သည့်ကျန်းမာရေး ဝန်ကြီးဌာန၏ ကြေညာချက်တစ်ရပ်အရ သိရသည်။

 

ကမ္ဘောဒီးယားနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ စတင်ဖြစ်ပွားခဲ့ချိန် ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလမှစ၍ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူပေါင်း ၁၃၆၂၆၂ ဦးရှိပြီး ယင်းတို့အနက် ၁၃၃၂၀၆ ဦးသည် ရောဂါမှ ပြန်လည်ကျန်းမာလာကာ ကျန် ၃၀၅၆ ဦးသည် ထိုရောဂါဖြင့် သေဆုံးခဲ့ကြောင်း  ကြေညာချက်အရ သိရသည်။

 

အစိုးရ၏ မှန်ကန်သော ဦးဆောင်မှုနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ၏ ထိရောက်မှုများကြောင့် ကိုဗစ်-၁၉ ကပ်ရောဂါ ထိန်းချုပ်ရာတွင် နိုင်ငံ၏ အောင်မြင်မှုကို ရရှိခဲ့ခြစ်ဖြစ်သည်ဟု မှတ်ယူကြောင်း ကျန်းမာရေးဝန်ကြီးဌာနဝန်ကြီးနှင့် ပြောရေးဆိုခွင့်ရှိသူ အော်ဗန်ဒင်းက ပြောကြားသည်။

 

“ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်ဟာ နိုင်ငံအတွင်း နေထိုင်ပြီး ကာကွယ်ဆေးထိုးနှံမှုခံယူရန် အကျုံးဝင်တဲ့ ကမ္ဘောဒီးယားနိုင်ငံသားတွေနဲ့ နိုင်ငံခြားသားတွေအားလုံးကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအခမဲ့ ထိုးနှံပေးရန် မှန်ကန်ပြီး အချိန်မီသောဆုံးဖြတ်ချက်ကို ချမှတ်လိုက်ပါတယ်” ဟု ၎င်းက တယ်လီဂရမ်အုပ်စုမှ တစ်ဆင့် ပြောကြားသည်။

 

ကာကွယ်ဆေးများသည် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် အစွမ်းအထက်မြက်ဆုံး ကိရိယာဖြစ်သည့်အပြင်  ရောဂါကူးစက်ပျံ့နှံ့မှုနှင့် ရောဂါကြောင့် သေဆုံးမှုများကိုလည်း လျော့နည်းစေကြောင်း ဗန်ဒင်းက ပြောကြားသည်။ 

 

ကမ္ဘောဒီးယားနိုင်ငံသည် လက်ရှိအချိန်အထိ ပြည်သူ ၁၅ သန်းကျော် သို့မဟုတ် နိုင်ငံတော်လူဦးရေ ၁၆ သန်း ရှိသည့်အနက် ၉၄ ရာခိုင်နှုန်းခန့်ကို အနည်းဆုံးပထမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးထားပြီး ကျန်လူဦးရေ ၁၄ ဒသမ ၃ သန်း သို့မဟုတ် လူဦးရေ၏ ၈၉ ဒသမ ၄ ရာခိုင်နှုန်းခန့်ကို ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။  

 

ထို့အပြင် လူဦးရေ ၉ ဒသမ ၂၅ သန်း သို့မဟုတ် လူဦးရေ၏ ၅၈ ရာခိုင်နှုန်းတို့သည် တတိယအကြိမ် အပိုဆောင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံမှုခံယူခဲ့ပြီး ကျန်လူဦးရေ ၂ ဒသမ ၅၈ သန်း သို့မဟုတ် လူဦးရေ၏ ၁၆ ရာခိုင်နှုန်းခန့်သည် စတုတ္ထအကြိမ် အပိုဆောင်းကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံမှု ခံယူခဲ့ပြီးဖြစ်ကောင်း သိရသည်။ 

 

ကိုးကား - ဆင်ဟွာ
ဘာသာပြန် - ဂျေတီ