ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ဂျပန်မင်းသမီး ယိုကို ဆေးကုသမှုခံယူပြီးနောက် ဆေးရုံမှဆင်းခွင့်ရရှိ

ဖေဖော်ဝါရီ ၁၆

 

ဂျပန်နိုင်ငံ၏မင်းသမီး ယိုကိုသည် ဖေဖော်ဝါရီ ၈ ရက်နေ့က ကိုဗစ်-၁၉ ရောဂါကူးစက်ခံခဲ့ရသဖြင့် တိုကျိုတက္ကသိုလ်ဆေးရုံတွင် ဆေးကုသမှုခံယူခဲ့သည်။

 

အသက် ၃၈ နှစ်အရွယ် ယိုကိုသည် ယနေ့တွင် ထိုဆေးရုံမှ ဆင်းခွင့်ရရှိပြီဖြစ်သည်။

 

ကိုဗစ်ကူးစက်မှုဖြစ်ပွားစဉ်က ယိုကိုတွင် ဖျားနာမှုမရှိသော်လည်း အဆုတ်ရောင်လက္ခဏာတွေ့ရှိခဲ့သဖြင့် နောက်နေ့တွင် ဆေးရုံတက်ကုသမှုခံယူခဲ့ရသည်။

 

ယိုကိုသည် ကိုဗစ်ရောဂါဖြစ်ပွားရာတွင် ပြင်းထန်မှုမရှိပဲ အသင့်အတင့်သာဖြစ်ပွားခဲ့ရာ ဆေးကုသမှုခံယူပြီးနောက် ဆရာဝန်များ၏ ခွင့်ပြုချက်ဖြင့် ဆေးရုံမှဆင်းခွင့်ရရှိခဲ့သည်ဟု သိရသည်။

 

ကိုးကား-အင်န်အိတ်ချ်ကေ
ဘာသာပြန်-မြင့်မြင့်ချို