ကိုဗစ်-၁၉ ရောဂါအကြောင်း သိကောင်းစရာ အမေး/ အဖြေ (၁၃) ပတ်မြောက် အစီအစဉ်

နေပြည်တော် ၂၀ ဒီဇင်ဘာ

ကိုဗစ်-၁၉ ရောဂါအကြောင်း သိကောင်းစရာ အမေး/ အဖြေ (၁၃) ပတ်မြောက် အစီအစဉ်ကို ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနနှင့် ပြန်ကြားရေးဝန်ကြီးဌာနတို့ ပူးပေါင်းတင်ဆက်နေခြင်း ဖြစ်ပါသည်။

အစီအစဉ်တွင် ကိုဗစ်-၁၉ ကူးစက်ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနှင့် စပ်လျဉ်း၍ နည်းပညာပိုင်းဆိုင်ရာ ကူညီပံ့ပိုးအကြံပြု အားဖြည့်ဆောင်ရွက်နိုင်ရေးအဖွဲ့ဝင် ကျန်းမာရေး ပညာရှင်ကြီးများနှင့် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ တာဝန်ရှိသူ ကျန်းမာရေးပညာရှင်များမှ ကိုဗစ်-၁၉ ကူးစက်ရောဂါနှင့်ပတ်သက်၍ ပြည်သူများသိရှိလိုသည့် အချက်များ၊ မေးခွန်းများကို တီဗီမှန်သားပြင်မှတစ်ဆင့် ပြန်လည်ဖြေကြားပေးမည် ဖြစ်ပါသည်။

သို့ဖြစ်ပါ၍ ပြည်သူများအနေဖြင့်သိရှိမေးမြန်းလိုသည့် ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး နှင့် စပ်လျဉ်းသည့် မေးခွန်းများကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန Facebook စာမျက်နှာ၌

- ယင်းပိုစ့်အောက်တွင် comment အနေဖြင့်လည်းကောင်း၊

- [email protected] အီးမေး(လ်)လိပ်စာသို့လည်းကောင်း ပေးပို့မေးမြန်းနိုင်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဖေ့ဘုတ်စာမျက်နှာမှ တစ်ဆင့် သိရသည်။

ထိုသို့ မေးခွန်းများပေးပို့ရာတွင် မေးခွန်းများကို ဖြေကြားမည့်နေ့မတိုင်မီ အနည်းဆုံး  (၁) ရက် ကြိုတင်၍နေ့လယ် (၁) နာရီ နောက်ဆုံးထားကာ ပေးပို့စေလိုကြောင်း၊

အစီအစဉ်ကို အပတ်စဉ် အင်္ဂါနေ့တွင် ကျန်းမာရေးနှင့်အား ကစားဝန်ကြီးဌာန Facebook စာမျက်နှာနှင့် ပြန်ကြားရေးဝန်ကြီးဌာန၊ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား တို့မှ ထုတ်လွှင့်ပြသသွားမည်ဖြစ်ကြောင်း သိရသည်။

Online မှ တစ်ဆင့်လည်း ပြည်ထောင်စုဝန်ကြီးရုံးခန်း၊ ဆေးသုတေသနဦးစီးဌာန 2019 call center ၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန eHealth Unit နှင့်  ကျန်းမာရေး အသိပညာ မြှင့်တင်ရေးဌာနခွဲတို့က ပညာရှင်များတို့မှ National Covid-19 Call Centre "2019"-Myanmar နှင့် Health Literacy Promotion Unit Facebook စာမျက်နှာများမှတစ်ဆင့် ဝင်ရောက်ဖြေကြားပေးမည်ဖြစ်သည်။

 

#ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန