ကိုဗစ်-၁၉ ရောဂါဆိုင်ရာ အမေး ၊ အဖြေအစီအစဉ် ဆက်လက်ထုတ်လွှင့်မည်

နေပြည်တော်၊  ၁၁   ဇန်နဝါရီ

 

ပြန်ကြားရေးဝန်ကြီးဌာနနှင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနတို့ ပူးပေါင်းပြီး ကိုဗစ်-၁၉ ရောဂါအကြောင်း သိကောင်းစရာ အမေး/အဖြေ အစီအစဉ်ကို အပတ်စဉ် အင်္ဂါနေ့ ညနေ ၆ နာရီခွဲမှ ည ၇ နာရီ အထိ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားတွင် ထုတ်လွှင့် ပြသလျက်ရှိသည်။

 

ဇန်နဝါရီ ၁၂ ရက် ညနေတွင် ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနှင့်စပ်လျဉ်း၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ပညာရှင်များဖြစ်ကြသည့် ဆေးသုတေသနဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ပါမောက္ခ ဒေါက်တာဇော်သန်းထွန်း၊ ကရင်ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး၊ ညွှန်ကြားရေးမှူး ဒေါက်တာကျော်စွာမြင့်နှင့် ရခိုင်ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး၊  ညွှန်ကြားရေးမှူး ဒေါက်တာစိုင်းဝင်းဇော်လှိုင်တို့က    ပြည်သူများ သိရှိမေးမြန်းလိုသည့် ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနှင့် စပ်လျဉ်းသည့် မေးခွန်းများအပေါ် ပြန်လည်ဖြေကြားချက်များကို ဆက်လက် ထုတ်လွှင့်သွားမည်ဖြစ်ကြောင်း သိရသည်။

 

သတင်းစဉ်