ကိုဗစ်-၁၉ ရောဂါဆိုင်ရာ ကာကွယ်ရေးအစီအမံများဖြင့် တိုကျိုမာရသွန်ပြိုင်ပွဲကျင်းပ

မတ် ၇

 

နှစ်နှစ်ကြာရပ်နားထားခဲ့သည့် တိုကျိုမာရသွန်ပြိုင်ပွဲကို ကိုဗစ်-၁၉ ရောဂါဆိုင်ရာ ကာကွယ်ရေးအစီအမံများဖြင့် ကျင်းပခဲ့သည်ဟု သိရသည်။

 

အဆိုပါအပြေးပြိုင်ပွဲကို ပြိုင်ပွဲဝင်ဦးရေ ၁၉၀၀၀ ခန့်ဖြင့် ယမန်နေ့ကကျင်းပခဲ့ခြင်း ဖြစ်သည်။

 

ပြိုင်ပွဲဝင်များအနေဖြင့် ပီစီအာစမ်းသပ်စစ်ဆေးမှုများကို ကြိုတင်ပြုလုပ်ရန် လိုအပ်သည်။ ထိုပြိုင်ပွဲအတွင်း အပြေးသမားများသည် လူအချင်းချင်း ခပ်ခွာခွာနေထိုင်ရန် အုပ်စုသုံးစုခွဲခြားထားသည်။

 

ထိုပွဲကြည့်စဉ်တစ်လျှောက် လူစုလူဝေးဖြင့်ကြည့်ရှုခြင်းမပြုကြရန် ဧည့်ပရိသတ်များအား တိုက်တွန်းပြောကြားထားသည်။

 

အသက် ၆၅ နှစ်နှင့်အထက် အရွယ် အပြေးသမားများအနေဖြင့် ရောဂါကူးစက်မှုဖြစ်ပွားပါက ဝေဒနာပြင်းထန်စွာခံစားရနိုင်သဖြင့် ဝင်ရောက်ယှဉ်ပြိုင်ခြင်းမပြုရန် ပွဲစီစဉ်သူများက မေတ္တာရပ်ခံထားသည်။

 

ကင်ညာနိုင်ငံသား အီလွတ်ကစ်ချိုဂီသည် အမျိုးသားအပြေးပြိုင်ပွဲတွင် နှစ်နာရီ နှစ်မိနစ် ၄၀ စက္ကန့်ဖြင့် အနိုင်ရရှိခဲ့သည်။

 

အမျိုးသမီးအပြေးပြိုင်ပွဲတွင် ကင်ညာနိုင်ငံမှ ဘရီဂစ်ကို့ဂျီက နှစ်နာရီ ၁၆ မိနစ် နှစ်စက္ကန့်ဖြင့် အနိုင်ရရှိခဲ့သည်။

 

ကိုးကား-အင်န်အိတ်ချ်ကေ
ဘာသာပြန်-မြင့်မြင့်ချို