ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပြီးသော ကမ္ဘာလှည့်ခရီးသွားများအား နိုဝင်ဘာ ၁ ရက်မှစတင်၍ အစ္စရေးနိုင်ငံသို့ ဝင်ရောက်ခွင့်ပြု

ဂျေရုဆလင် နိုဝင်ဘာ ၂

 

အစ္စရေးနိုင်ငံသည် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပြီးသော ကမ္ဘာလှည့်ခရီးသွားများအား ယမန်နေ့မှစတင်၍ နိုင်ငံ အတွင်းသို့ ဝင်ရောက်ခွင့်ပြုလိုက်ကြောင်း သိရသည်။ အစ္စရေးနိုင်ငံ အတွင်းသို့ လာရောက်လည်ပတ်ခြင်းမပြုမီ သီတင်းနှစ်ပတ်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်မှုမြင့်မားသော နိုင်ငံများသို့ ခရီးသွားရောက်ခဲ့ ခြင်းမရှိသူ ကမ္ဘာလှည့်ခရီးသွား များကိုသာ နိုင်ငံအတွင်းသို့ဝင် ရောက်ခွင့်ပြုမည် ဖြစ်ကြောင်း ကျန်းမာရေး ဝန်ကြီးဌာနကပြောကြားသည်။

 

အစ္စရေးနိုင်ငံသို့ လာရောက် လည်ပတ်မည့် ခရီးသွားများအနေဖြင့် Sinopharm ı Sinovac ၊ Modernai Pfizer ၊ Janssen ၊  AstraZeneca ၊ Covishield ၊ Sputnik-V စသော ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး တစ်မျိုးမျိုး ကို ထိုးနှံပြီးစီးရမည်ဖြစ်ကြောင်း သိရသည်။ ကိုဗစ်-၁၉ ရောဂါမှပြန်လည်ကျန်းမာလာသူ ကမ္ဘာ လှည့် ခရီးသွားများအနေဖြင့် ဆေးလက်မှတ် အထောက်အထားကို အစ္စရေးကျန်းမာရေးဝန်ကြီး ဌာနသို့ အွန်လိုင်းမှတစ်ဆင့် အစစ်ဆေးခံယူရမည်ဖြစ်သည်။ ထို့ပြင် နိုင်ငံအတွင်းသို့ လာရောက် လည်ပတ်မည့် ခရီးသွားများသည် ၇၂ နာရီအတွင်း စစ်ဆေးထားသော ကိုဗစ် -၁၉ ရောဂါ ကင်းရှင်းကြောင်း ဆေးလက်မှတ်ကို ပြသရမည်ဖြစ်ပြီး နိုင်ငံအတွင်းသို့ ရောက်ရှိလာသည့်အချိန်၌ ကိုဗစ်-၁၉ ရောဂါ ရှိ၊ မရှိ စစ်ဆေးမှု ထပ်မံခံယူရမည် ဖြစ်သည်။

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-စိုးသူရ