ကိုဗစ်-၁၉ ရောဂါမှ ရရှိသောသင်ခန်းစာ

ကြောက်မက်ဖွယ်ကောင်းသော ကိုဗစ်-၁၉ ကပ်ရောဂါကို တစ်ကမ္ဘာလုံး ရင်ဆိုင်ကြုံတွေ့နေရသည်မှာ နှစ်တစ်ဝက်ပင် ရှိတော့မည်ဖြစ်သည်။ ကမ္ဘာ့ လူသားများ၏ လူမှုဘဝ၊ စီးပွားရေးလောက၊ တစ်ဦးချင်းကျန်းမာရေးနှင့် အသက်ဘေးအန္တရာယ်ကို ထိခိုက်ပျက်စီးစေသည့်ကပ်ရောဂါဘေးကင်းဝေးအောင် ကိုဗစ်-၁၉ ရောဂါကပင် သင်ခန်းစာပေးနေသည်ကို ပြည်သူအများ သိရှိနားလည်ကြပေလိမ့်မည်။

သတ္တဝါများ အသက်ရှင်နေထိုင်သည့် ဤကမ္ဘာလောက၌ ရောဂါပိုး အမျိုးမျိုးတို့ရှိနေသည်။ ရောဂါပိုးတို့သည် သတ္တဝါတို့ထံသို့ အလိုအလျောက် ရောက်လာသည်မဟုတ်၊ရောဂါပိုးတို့ကို သတ္တဝါတို့ကပင်သယ်ဆောင်လာခဲ့ ကြသည်။ ရောက်ရှိလာသော ပုံမှန်ရောဂါပိုးတို့ကို လူသားတို့သည် ကာကွယ် ကုသနိုင်ကြပြီး ရောဂါပိုးအသစ်အဆန်းတို့ကိုမူ ကာကွယ်နိုင်စွမ်းမရှိကြသေး ချေ။ ထို့ကြောင့် ရောဂါဖြစ်ပွားမှုကာလ ရှည်ကြာလျှင် ရှည်သလောက် ထိခိုက်ပျက်စီးဆုံးရှုံးမှုများလည်း တစ်စတစ်စများပြားလာသည်။

ရောဂါအသစ်အဆန်းတစ်မျိုးဖြစ်သည့် ကိုဗစ်-၁၉ ရောဂါသည် လူသားများအား ဆိုးကျိုးများပေးနေသည်မှန်သော်လည်း လောကလူသား များ အသိတရားနှင့် သတိထားနေထိုင်တတ်ရန် သင်ခန်းစာပေးနေသည်ဟု လည်း အကောင်းရှုမြင်ရမည် ဖြစ်သည်။ ကိုဗစ်-၁၉ မှ ရရှိလိုက်သော သင်ခန်းစာသည် စည်းလုံးညီညွတ်ခြင်းနှင့် စည်းကမ်းလိုက်နာခြင်းဖြစ်သည်။ ထိုအချက်နှစ်ချက်သည် ကိုဗစ်-၁၉ရောဂါကို ကျော်လွှားအောင်မြင်နိုင်ရေး ဖြစ်သလို မိမိတို့လူမှုဘ၀၊ လူ့အသိုက်အဝန်း ရှေ့ခရီးအတွက် အောင်မြင်ရေး နိဿယများပင်ဖြစ်သည်။

စည်းလုံးညီညွတ်ခြင်းနှင့် စည်းကမ်းလိုက်နာခြင်းမရှိလျှင် ကိုဗစ်-၁၉ ကို မအောင်မြင်နိုင်ဘဲ ရေရှည်ရင်ဆိုင်ရပြီး ဆုံးရှုံးမှုများနှင့်ကြုံရမည် ဖြစ်သည်။ ပြည်သူများအားလုံး စည်းလုံးညီညွတ်ပြီး စည်းကမ်းလိုက်နာ ကြမည်ဆိုလျှင် ကိုဗစ်-၁၉ကိုအောင်နိုင်ပြီးနောက် မိမိတို့ရှေ့ခရီးတွင်လည်း အောင်မြင်မှုများရရှိမည် ဖြစ်သည်။ မိမိကိုယ်တိုင်နှင့် အခြားသူများကို ကိုဗစ်-၁၉ ရောဂါမှ ကာကွယ်နိုင်ရန် ရိုးရှင်းသောနည်းလမ်း၊ စည်းကမ်း ခုနစ်သွယ်ရှိသည်။ လိုက်နာဆောင်ရွက်ရန် အပန်းမကြီးဘဲ အလေ့အထ၊ အလေ့အကျင့်၊ အကျင့်စရိုက်ကောင်းများဖြစ်ဖို့သာ လိုအပ်သည်။

စည်းလုံးညီညွတ်ခြင်းနှင့် စည်းကမ်းလိုက်နာခြင်းမရှိလျှင် ကိုဗစ်-၁၉ ကို မအောင်မြင်နိုင်ဘဲ ရေရှည်ရင်ဆိုင်ရပြီး ဆုံးရှုံးမှုများနှင့်ကြုံရမည် ဖြစ်သည်။ ပြည်သူများအားလုံး စည်းလုံးညီညွတ်ပြီး စည်းကမ်းလိုက်နာ ကြမည်ဆိုလျှင် ကိုဗစ်-၁၉ကိုအောင်နိုင်ပြီးနောက် မိမိတို့ရှေ့ခရီးတွင်လည်း အောင်မြင်မှုများရရှိမည် ဖြစ်သည်။ မိမိကိုယ်တိုင်နှင့် အခြားသူများကို ကိုဗစ်-၁၉ ရောဂါမှ ကာကွယ်နိုင်ရန် ရိုးရှင်းသောနည်းလမ်း၊ စည်းကမ်း ခုနှစ်သွယ်ရှိသည်။ လိုက်နာဆောင်ရွက်ရန် အပန်းမကြီးဘဲ အလေ့အထ၊ အလေ့အကျင့်၊ အကျင့်စရိုက်ကောင်းများဖြစ်ဖို့သာ လိုအပ်သည်။

ထိုအကြံပြုချက် ခုနှစ်ချက်ကို လူတိုင်းလိုက်နာနိုင်ပါသည်။ သင်သည် ကိုဗစ်-၁၉ ရောဂါရှိသည်ဟု သိရှိရသောနေရာသို့ ရောက်ရှိနေလျှင် အထူးပင် လိုက်နာရန်အရေးကြီးပြီး ပုံမှန်လူထုနှင့် ထိတွေ့ဆက်ဆံရာတွင် လမ်းညွှန် ထားသောနည်းလမ်း၊ စည်းကမ်းများကို အလေ့အထသဖွယ် လုပ်ဆောင် ကြရမည် ဖြစ်သည်။

၁။ လက်များကို လက်သန့်ဆေးရည်ဖြင့် သန့်စင် စေခြင်း သို့မဟုတ် ဆပ်ပြာနှင့် ရေဖြင့် စနစ်တကျဆေးကြောခြင်း။

၂။ သင်၏ မျက်စိ၊ နှာခေါင်း၊ ပါးစပ်တို့ကို ထိခြင်း၊ ကိုင်ခြင်း မပြုလုပ်ခြင်း။

၃။ ချောင်းဆိုးလျှင် လုံအောင်အုပ်ပြီးမှ ဆိုးခြင်း။

၄။ လူထူထပ်သောနေရာများနှင့် ဖျားနေသော၊ ချောင်းဆိုးနေသောလူနှင့် အနီးကပ်ထိတွေ့ခြင်းကိုရှောင်ရှားခြင်း။

 ၅။ နေမကောင်းလျှင် အိမ်မှာပင်နေခြင်း၊ အတတ်နိုင်ဆုံး နေအိမ်ပြင်ပသို့ မထွက်ခြင်း။

၆။ သင့်ထံတွင် ကိုယ်ပူခြင်း၊ ချောင်းဆိုးခြင်း၊ အသက်ရှူခက်ခဲခြင်း စသည့် လက္ခဏာများခံစားရပါက ဆေးကုသမှုစောစီးစွာခံယူခြင်း။

၇။ ယုံကြည်ရသည့် အရင်းအမြစ်များမှ သတင်းအချက် အလက်ရယူခြင်း ဟူသည့်ခုနစ်ချက်ကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့က အသိပေး ထားသည်။

ပြည်သူအားလုံးအနေဖြင့် အဓိကအချက်မှာ တစ်ကိုယ်ရေကျန်းမာရေးကို အထူးဂရုစိုက်ရန်လိုအပ်ပြီး ပြင်ပသို့ထွက်လျှင် လက်ဆေးခြင်း၊ မျက်နှာ၊ ပါးစပ်၊ နှာခေါင်း အအုပ်အဆိုင်းများတပ်ဆင်ခြင်း၊ တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေထိုင်ခြင်းတို့ဖြစ်သည်။ ထိုအချက်များသည် သက်ဆိုင်ရာတို့မှလမ်းညွှန်ထားသော စည်းကမ်း၊ နည်းလမ်းများဖြစ်ပြီး ထိုစည်းကမ်း နည်းလမ်းများကို လိုက်နာကျင့်ကြံနေထိုင်တတ်သည့် အလေ့အထကောင်းများရှိလာပါက ကိုဗစ်-၁၉ ကိုသာမက မိမိတို့ဘဝခရီးလမ်းတွင် လုပ်ကိုင် လွယ်ကူအောင်မြင်ချောမွေ့မှုတို့ကို ရရှိလာမည်ဖြစ်သည်။

သို့ဖြစ်ရာ ကိုဗစ်-၁၉ရောဂါကို အကြောင်းပြု၍ ပြည်သူ ပြည်သားများ လိုက်နာဆောင်ရွက်ရန် ဥပဒေ၊ စည်းကမ်း၊ နည်းလမ်းများကို သက်ဆိုင်ရာ တို့က ချမှတ်ပေးလျက်ရှိသည်။ ထိုစည်းကမ်း၊ နည်းလမ်းများကို အလေ့အထ သဖွယ် လိုက်နာဆောင်ရွက်တတ်လာပါက စည်းကမ်းလိုက်နာတတ်သော နိုင်ငံသားကောင်းများဖြစ်ကာ မိမိတို့ဘဝ၊ မိမိတို့ပတ်ဝန်းကျင်၊ မိမိတို့နိုင်ငံ အတွက် ကောင်းမွန်သောအနာဂတ်ကို ပုံဖော်ထုဆစ်နိုင်မည် ဖြစ်ပါသည်။ 

knm