ကိုဗစ် -၁၉ ရောဂါပိုးရှိသူ ၁၈ ဦးထပ်မံတွေ့ရှိ ရောဂါပိုးရှိသူ စုစုပေါင်း ၃၉၄ ဦးရှိပြီ

နေပြည်တော် ၁၉ ဩဂုတ်

ယနေ့တွင် ကိုဗစ် - ၁၉ ရောဂါပိုးရှိသူ ၁၈ ဦးထပ်မံတွေ့ရှိသဖြင့် ယနေ့အထိ ရောဂါပိုးရှိသူ စုစုပေါင်း ၃၉၄ ဦးရှိပြီဖြစ်ပြီး ပိုးတွေ့ရှိသူ ၁၈ ဦးမှာ အိန္ဒိယနိုင်ငံမှ ပြန်လည်ဝင်ရောက်လာသူ ၁၄ ဦး၊ ဖိလစ်ပိုင်မှ ပြန်လည်ဝင်ရောက်လာသူ တစ်ဦးနှင့် ပြည်ပသို့ခရီးသွားရာဇဝင်မရှိသူ သုံးဦးတို့ဖြစ်ကြောင်း သိရသည်။

ရောဂါပိုးတွေ့ရှိသူ ၃၉၄ ဦးအနက် သေဆုံးသူ ၆ ဦး၊ ပိုးမတွေ့ရှိတော့သူ ၃၃၃ ဦး၊ ဆေးရုံမှ ဆင်းခွင့်ပြုခဲ့သူ ၃၂၉ ဦးနှင့် ဩဂုတ် ၁၈ ရက် မွန်းတည့် ၁၂ နာရီမှ ဩဂုတ် ၁၉ ရက်မွန်းတည့် ၁၂ နာရီအတွင်း စောင့်ကြည့်လူနာအသစ် ၂၆ ဦး ရှိကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ယနေ့ထုတ်ပြန်ချက်များအရ သတင်းရရှိသည်။ သတင်းစဉ်