ကိုဗစ်-၁၉ ရောဂါပိုးရှိသူ  ၂၂ ဦးထပ်မံတွေ့ရှိ ရောဂါပိုးရှိသူ စုစုပေါင်း ၆၀၂ ဦးရှိသွားပြီ

နေပြည်တော် ၂၇ ဩဂုတ် 

ယနေ့တွင်  ကိုဗစ် - ၁၉ ရောဂါပိုးရှိသူ ၂၂ ဦးထပ်မံတွေ့ရှိသဖြင့် ယနေ့အထိ ရောဂါပိုးရှိသူ စုစုပေါင်း  ၆၀၂ ဦးရှိသွားပြီဖြစ်ပြီး   ပိုးတွေ့ရှိသူ ၂၂ ဦးမှာ ယူအေအီးနိုင်ငံမှ ပြန်လည်ဝင်ရောက်လာသူသုံးဦး၊ စင်ကာပူနိုင်ငံမှ ပြန်လည်ဝင်ရောက်လာသူ တစ်ဦးနှင့် ပြည်ပသို့ခရီးသွားရာဇဝင်မရှိသူ ၁၈ ဦး ဖြစ်ကြောင်း သိရသည်။

ရောဂါပိုးတွေ့ရှိသူ ၆၀၂ အနက် သေဆုံးသူ ခြောက်ဦး၊  ပိုးမတွေ့ရှိတော့သူ ၃၄၉ ဦး၊ ဆေးရုံမှဆင်းခွင့်ပြုခဲ့သူ ၃၃၉ ဦးနှင့် ဩဂုတ် ၂၆ ရက်မွန်းတည့် ၁၂ နာရီမှ ဩဂုတ် ၂၇ ရက်မွန်းတည့် ၁၂ နာရီအတွင်း စောင့်ကြည့်လူနာအသစ် ၆၇ ဦး ရှိကြောင်း  ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ယနေ့ထုတ်ပြန်ချက်များအရ သတင်းရရှိသည်။  သတင်းစဉ်