ကိုဗစ်အားဖြည့်ကာကွယ်ဆေး Pfizer ထိုးနှံရန် ဂျပန်နိုင်ငံ ခွင့်ပြု

နိုဝင်ဘာ ၁၁

 

ဂျပန်ကျန်းမာရေးဝန်ကြီးဌာနက Pfizer ကိုဗစ်အားဖြည့်ကာကွယ်ဆေးထိုးနှံရန် ခွင့်ပြုပြီဖြစ်ကြောင်း သိရှိရသည်။

 

ကိုဗစ်ကာကွယ်ဆေး ဒုတိယအကြိမ်ထိုးနှံပြီး ရှစ်လအကြာခန့်အကြာတွင် အားဖြည့်ကာကွယ်ဆေးထိုးနှံပေးရန် ထိုဝန်ကြီးဌာနက ယနေ့တွင် အတည်ပြုခဲ့သည်။

 

အဆိုပါ အားဖြည့်ကာကွယ်ဆေးကို ဒီဇင်ဘာလတွင် ကျန်းမာရေးဝန်ထမ်းများကို စတင်ထိုးနှံပေးမည်ဖြစ်ပြီး ဇန်နဝါရီလတွင် အသက်အရွယ်ကြီးသူများကို ထိုးနှံပေးရန် စီစဉ်ထားသည်။

 

ထိုPfizer ကိုဗစ်အားဖြည့်ကာကွယ်ဆေးသည် ဂျပန်နိုင်ငံတွင်ပထမဆုံးထိုးနှံခွင့်ပြုသည့် အားဖြည့်ကာကွယ်ဆေးဖြစ်သည်။

 

နိုင်ငံတစ်ဝန်းတွင် အသက် ၁၂ နှစ်နှင့်အထက်ရှိသူများကို ကိုဗစ်ကာကွယ်ဆေးနှစ်ကြိမ် ထိုးနှံပေးနေခြင်းဖြစ်သည်။

 

၎င်းကာကွယ်ဆေး၏ထိရောက်မှုနှင့်ဘေးကင်းမှုသည် အသက် ၁၈ အောက်ကလေးများအတွက် လိုအပ်ချက်ရှိနေသေးသဖြင့် အသက် ၁၈ နှစ်နှင့်အထက်များကို အားဖြည့်ကာကွယ်ဆေးထိုးနှံပေးသွားမည် ဖြစ်သည်။

 

ထိုဝန်ကြီးဌာနက ကုမ္ပဏီများနှင့်တက္ကသိုလ်များ၌ Moderna အားဖြည့်ကာကွယ်ဆေးကို မတ်လဝန်းကျင်တွင် အသုံးပြုရန်ကိုလည်း စဉ်းစားလျက်ရှိသည်။

 

ကိုးကား-အင်န်အိတ်ချ်ကေ
ဘာသာပြန်-မြင့်မြင့်ချို