ကိုဘေးငလျင် လှုပ်ခတ်ခဲ့သည့်  ၂၅ နှစ်မြောက် အထိမ်းအမှတ်အဖြစ် အမှတ်တရ မီးထွန်းပွဲ ကျင်းပပြုလုပ်

၁၇ ဇန်နဝါရီ

ယနေ့သည် ဂျပန်နိုင်ငံအနောက်ပိုင်း ဟိုဂို စီရင်စုနှင့် အနီးအနားဒေသများတွင် ငလျင်အကြီးအကျယ် လှုပ်ခတ်ခဲ့သည့် ၂၅ နှစ်မြောက်နေ့ဖြစ်သည်။

 

ထိုငလျင်လှုပ်ခတ်မှုကြောင့် လူ ၆၄၃၄ ဦး သေဆုံးခဲ့သည်။

 

၁၉၉၅ ခုနှစ် ဇန်နဝါရီ ၁၇ ရက်နေ့တွင် လှုပ်ခတ်ခဲ့သော Great Hanshin-Awaji ငလျင်သည် အဆောက်အဦများစွာကို ဖျက်ဆီးခဲ့ပြီး မီးလောင်ကျွမ်းမှုများ ဖြစ်စေခဲ့သည်။

 

အဆိုပါ ငလျင် အဆိုးရွားဆုံး ခံစားခဲ့ရသည့် ကိုဘေးမြို့ရှိ ပန်းခြံတစ်ခုတွင် ထိခိုက်သေဆုံးသူများအတွက် အထိမ်းအမှတ် အမှတ်တရအဖြစ်  ဝါးမီးအိမ်များစွာ ထားရှိသည်။

 

ကိုဘေးမြို့ ပြန်လည်တည်ဆောက်ရေးလုပ်ဆောင်ရာတွင် အချိန်ယူ ဆောင်ရွက်ခဲ့ရသည်။

 

ပြန်လည်တည်ဆောက်ရေး စီမံကိန်းများအနက် စီမံကိန်းတစ်ခုကို ယမန်နှစ်ကမှ ပြီးစီးခဲ့သည်။

 

ဟိုဂို စီရင်စု အစိုးရသည် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းကြောင့် တင်ခဲ့သောကြွေးမြီ ဒေါ်လာ ၉ ဘီလီယံခန့် ပေးဆပ်ရန် ကျန်ရှိနေသေးသည်ဟု သိရသည်။

ကိုးကား-အန်အိတ်ချ်ကေ

ဘာသာပြန်-မြင့်မြင့်ချို