ကျိုက်လတ် ကကရံကြီး အ.လ.က(ခွဲ)ကျောင်း မီးရှို့ဖျက်ဆီးခံရ

ကျိုက်လတ်၊  ၃ ဇွန်    

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၊ ဗလီခြံရေကျော်ကျေးရွာအုပ်စု၊ ကကရံကြီးကျေးရွာ၊ အခြေခံပညာ အလယ်တန်းကျောင်း(ခွဲ)၌ ဇွန် ၃ ရက် နံနက် ၅ နာရီခွဲခန့်က မီးရှို့ဖျက်ဆီးခံရကြောင်း သိရသည်။

မီးလောင်နေရာသို့ ကျောင်းရှိဆရာ/ဆရာမများနှင့် ကျေးရွာပြည်သူများ ဝိုင်းဝန်းငြှိမ်းသတ်ခဲ့သဖြင့် မီးငြိမ်းသွားခဲ့ပြီး မီးလောင်ကျွမ်းမှုကြောင့် ကျောင်း၏ မျက်နှာကျက်များ၊  ဗီရို (၁)လုံး၊ သစ်သားထိုင်ခုံ (၂)လုံး၊ သစ်သားစားပွဲခုံ (၁)လုံး၊ အခန်းဝင်ပေါက် တံခါး (၁)ချပ်၊ ဆိုလာဝပ်-၃၀၀ မီးဘုတ် (၁)လုံး၊ ပလတ်စတစ်ထိုင်ခုံ (၃၃)လုံး၊ ပြတင်းပေါက် မှန်တံခါး (၂)ချပ်၊ ပလတ်စတစ်ပန်ကာ (အလတ်) (၆)လုံး၊ NIBBAN အမျိုးအစား Sound Box (၂)လုံး၊ A-11 အမျိုးအစား Sound Box (၁)လုံး၊ သင်ထောက်ကူပစ္စည်းများ၊ ရုံးသုံးစာရွက်စာတမ်းများ၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးသုံးပစ္စည်းများ ပျက်စီးခဲ့ကြောင်း သိရသည်။

မီးလောင်ခံရသည့်ကျောင်းသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးထွန်းသိန်းအောင်နှင့် အဖွဲ့ဝင်များ၊ ရုံးဒေါင့် နယ်မြေစခန်းမှူး ရဲအုပ် အောင်မျိုးလင်း၊ ဒုတိယမြို့နယ်ပညာရေးမှူးနှင့် ကျေးရွာအုပ်ချုပ်ရေးမှူးများ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး မီးရှို့ဖျက်ဆီးသွားသူအား ဥပဒေအရ အရေးယူဆောင်ရွက်နိုင်ရေး စုံစမ်းစစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ရီရီမြင့်(ပြန်/ဆက်)