ကျိုက်လတ်မြို့ ၌ မီးငြှိမ်းသတ်‌ရေးသရုပ်ပြခြင်းနှင့် ဇာတ်တိုက်လေ့ကျင့်မှုများဆောင်ရွက်

ကျိုက်လတ် ဇန်နဝါရီ ၂၉

 

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်အတွင်း ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ် ပျက်စီးဆုံးရှုံးမှုများမရှိ‌စေရေးအတွက် မီးဘေးအန္တရာယ်ကြိုတင် ကာကွယ်တားဆီးရေးလုပ်ငန်းများ ဆောင်ရွက် လျက်ရှိရာ ဇန်နဝါရီ ၂၈ ရက်က ကျိုက်လတ်မြို့၊ အမှတ်(၁)ရပ်ကွက်၊ ပေါင်းဆန်စက်ရုံတွင် မီးငြှိမ်းသတ်ရေး လက်တွေ့သရုပ်ပြခြင်းနှင့် ဇာတ်တိုက်လေ့ကျင့်မှုများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

ရှေးဦးစွာ မြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးမှူးဦး ဇေယျာမင်းက မီးဘေးကြိုတင်ကာကွယ်ရေး လုပ်ငန်းသုံးပစ္စည်းများ အသုံးပြုခြင်းနှင့် ပတ်သတ်၍ ရှင်းလင်းပြောကြားခဲ့ပြီး ဦးစီးမှူး ဦးဇေယျာမင်း ဦးဆောင်၍ သန္ဓေဝန်ထမ်း (၆)ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင်(၁၃)ဦးတို့က မီးဘေးကြိုတင်ကာကွယ်ရေးသုံးပစ္စည်းများဖြင့် မီးငြှိမ်းသတ်မှုအား လက်တွေ့ သရုပ်ပြ ဇာတ်တိုက်လေ့ကျင့်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဌေးဌေးလှိုင်(ပြန်/ဆက်)