ကျိုက်မ​ရော၌ ​နေအိမ်တစ်လုံး မီး​လောင်မှုဖြစ်

ကျိုက်မ​ရော ၃၁ ဇန်နဝါရီ     

 

မွန်ပြည်နယ် ကျိုက်မ​ရောမြို့နယ် ​အောင်သုခရပ်ကွက်တွင် ယ​နေ့နံနက် ၃ နာရီက လူ​နေအိမ်တစ်လုံး မီးလောင်မှုဖြစ်ပွား​ကြောင်း သတင်းအရ ကျိုက်မရောမြို့နယ် မီးသတ်ဉီးစီးဌာနမှ မီးငြိှမ်းသတ်ယာဉ် (၂)စီး မီးသတ်တပ်ဖွဲ့ဝင် (၁၂) ဦး အရန် (၁၀)ဦးတို့ဖြင့် အချိန်မီ သွား​​​ရောက်ငြိှမ်းသတ်နိုင်ခဲ့ရာ နံနက် ၃ နာရီ ၄၅ မိနစ်အချိန်တွင် မီးထိန်းနိုင်ခဲ့ပြီး နံနက် ၄ နာရီတွင် မီးလုံးဝငြိှမ်းနိုင်ခဲ့​ကြောင်း သိရသည်။

 

မီး​လောင်မှုဖြစ်စဉ်မှာ အိမ်ပိုင်ရှင် ​ဒေါ်ခတီရှာ  ၏ နေအိမ်တွင် လူ​နေထိုင်ခြင်း မရှိ​ကြောင်းနှင့် မီးလောင်မှုအ​ကြောင်းအရင်းအား မီးသတ်ဉီးစီးဌာနမှ စုံစမ်းလျက်ရှိပြီး မီး​လောင်မှု​ကြောင့်​​ နေအိမ်တစ်လုံး ဆုံးရှုံးခဲ့ရ​ကြောင်း မီးသတ်ဦးစီးဌာနမှ ဦးစီးမှူး ဦးဝင်းတင်ထံမှ သိရသည်။

 

ချိုမြတ်မြတ်​ထွေး(ကျိုက်မ​​ရော)