ကျိုက်မရော၊ ၁၀ ဇန်နဝါရီ     

မွန်ပြည်နယ်၊ ကျိုက်မရောမြို့၏ သာယာလှပသောရှုခင်းများနှင့် ထင်ရှားကျော်ကြားသော နေရာများကို ခုနစ်ခွေ တောင်ထိပ် View Point ပေါ်မှကြည့်ရှုခံစားရင်း အမောပြေ အပန်းဖြေစရာ နေရာအသစ်များကို ယနေ့နံနက် ၁၀ နာရီက အဆိုပါ  ခုနစ်ခွေ တောင်ပေါ်၌ ပြုလုပ်လျက်ရှိကြောင်း သိရသည်။

 

အဆိုပါ View Point နေရာသည် ကျိုက်မရော မုဒုံသွားကားလမ်းမကြီးပေါ်၌ တည်ရှိပြီး ကျိုက်မရောမြို့၏ ရေမြေ တောတောင် သဘာဝအလှများ၏ သာယာလှပပုံကို တောင်ထိပ်ပေါ်မှ ကြည့်ရှုခံစားနိုင်မည်ဖြစ်သည်။ ခရီးသွား ပြည်သူများနှင့် ဒေသခံများအတွက် အပန်းဖြေအနားယူစရာထိုင်ခုံများ၊  နေ့စဉ် ကျန်းမာရေးအတွက် လမ်းလျှောက်သူ၊ အဖွဲ့လိုက် စက်ဘီးစီးသူများ အမောဖြေရင်း အားကစားလေ့ကျင့်ခန်းများ ဆောင်ရွက်နိုင်ရန် နေရာသီးသန့်ထားရှိပေးပြီး  ခရီးသွားများ အနားယူစရာ စတီးထိုင်ခုံရှည်များ၊ စတီးပိုက်များကို ကျိုက်မရောမြို့ ပေါ်ရှိစေတနာရှင်များ၊ ပရဟိတ လူငယ်အဖွဲ့များ၊ အဝေးရောက်ကျိုက်မရော မြို့သူမြို့သားများက စုပေါင်းကာ လှူဒါန်းပြုလုပ်ပေးခြင်း ဖြစ်ကြောင်း အဆိုပါအပန်းဖြေရာနေရာတွင် ပါဝင်ကူညီပေးနေသော ပရဟိတအဖွဲ့ထံမှ သိရသည်။

ချိုချို(ပြန်/ဆက်)