ကျိုက်မရော ဇွန် ၁

 

ကျိုက်မရောမြို့နယ်ရှိ အခြေခံပညာကျောင်းများ၌ ကျောင်းဖွင့်စပထမနေ့ဖြစ်သည့် ဇွန် ၁ ရက်တွင် ကျောင်းသား ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ စတင်လာရောက်ကျောင်းတက်နေပြီဖြစ်ကြောင်း သိရသည်။

 

ဖြည့်ဆည်းဆောင်ရွက်

ကျိုက်မရောမြို့နယ်တွင် အခြေခံပညာအထက်တန်းကျောင်း ရှစ်ကျောင်း၊ အထက(ခွဲ) ၁၁ ကျောင်း၊ အလက ရှစ်ကျောင်း၊ အလက (ခွဲ) ၁၇ ကျောင်း၊ မူလွန်ကျောင်း ၂၈ ကျောင်း၊ အမက ၆၉ ကျောင်း စုစုပေါင်း ၁၄၁ ကျောင်းရှိရာ မူလတန်းကျောင်းသား ကျောင်းသူ ၂၂၂၈၃ ဦး၊ အလယ်တန်း ၇၁၈၁ ဦး၊ အထက်တန်းကျောင်းသား ကျောင်းသူ ၈၄၅ ဦး စုစုပေါင်းကျောင်းအပ်နှံထားသူ ၃၀၃၀၉ ဦး တက်ရောက်ပညာသင်ကြားလျက်ရှိရာ အဆိုပါကျောင်းတက်နေမှုနှင့် ကျောင်းအပ်နှံနေမှုများကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစွမ်းရည်ထက်၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူး နော်ခမ်းနှင့် တာဝန်ရှိသူများက လာရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ချိုမြတ်မြတ်ထွေး(ပြန်/ဆက်)