ကျိုက်မရော ဇွန် ၇

 

မွန်ပြည်နယ် ကျိုက်မရောမြို့နယ်တွင်​ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးက ကြီးမှူးကျင်းပ​သည့် မှုခင်းပညာပေးနှင့် မှုခင်းကြိုတင်ကာကွယ်ရေး ဟောပြောပွဲကို ယမန်နေ့နံနက်က ဘာဘူကုန်းကျေးရွာ အလယ်တန်းကျောင်း၌ ပြုလုပ်သည်။ 

 

ဟောပြောပွဲတွင် ကျိုက်မရောမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး နော်ခမ်းက မြို့နယ်အတွင်း အမှုအခင်းများ ဖြစ်ပွားမှုလျော့နည်း ကျဆင်းစေရန်နှင့် ရပ်ကွက်/ကျေးရွာ အေးချမ်းသာယာရေးအတွက် မှုခင်းအသိပညာပေး အကြောင်းအရာများကို ရှင်းလင်းဟောပြောပြီး တက်ရောက်လာသူများ၏ သိရှိလိုသည့်မေးခွန်းများကို တာဝန်ရှိသူများက ပြန်လည်ဖြေကြားခဲ့ကြောင်း သိရသည်။

ချိုမြတ်မြတ်ထွေး(ပြန်/ဆက်)