ကျိုက်မရောတွင် သစ္စာစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေး

ကျိုက်မရော ၁၂ ဇူလိုင်      


မော်လမြိုင်ခရိုင်၊ ကျိုက်မရောမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာရုံးမှ ဝန်ထမ်းများသည် ယမန်နေ့ နေ့လယ်ပိုင်းက ကျုံဝမ်းကျေးရွာ၊ ဓမ္မာရုံတွင် ကျေးရွာပြည်သူလုထု၏ နိုငိငံသားစိစစ်ရေး ကတ်ပြားများကို ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြသည်။ 


အဆိုပါ နိုင်ငံသားစိစစ်ရေးကတ်ပြားများကို သစ္စာစီမံချက်ဖြင့် နေ့ချင်းပြီး ရွာအရောက် လိုက်လံဆောင်ရွက်ပေးရာတွင် ပြည်သူအားလုံး ဥပဒေနှင့်အညီ နိုင်ငံသားကတ်ကိုင်ဆောင်ခွင့်ရရှိစေရန်နှင့် အိမ်ထောင်စုစာရင်း မရှိသေးသောသူများကိုလည်း လုပ်ထုံးလုပ်နည်းနှင့်အညီ အိမ်ထောင်စုစာရင်းများကိုပါ တစ်ပါတည်း ဆောင်ရွက်ပေးနိုင်ရန် ရည်ရွယ်ချက်ဖြင့် ယခုလို ကွင်းဆင်းပြုလုပ်ပေးခြင်းဖြစ်ကြောင်း မြို့နယ်လဝကရုံးမှ ဒုလဝကမှူး ဒေါ်ဖြူဖြူစိုးက ပြောသည်။ သစ္စာစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများကို ကျန်ရှိနေသော ကျေးရွာများသို့လည်း ဆက်လက် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။


ချိုမြတ်မြတ်ထွေး( ပြန်/ ဆက်)