ကျိုက်ထီးရိုးစေတီ၏ထီးတော်မှပြုတ်ကျခဲ့သည့် ရွှေထည်ပစ္စည်းများအား ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့မှ ထိန်းသိမ်းထား

ကျိုက်ထို ၂၈ မေ 


ကျိုက်ထိုမြို့နယ် ကင်မွန်းချောင်းကျေးရွာ ကျိုက်ထီးရိုးတောင်တော်၌ မေလ ၁၅ ရက်နေ့မှ ၂၇ ရက်နေ့ထိ မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်ကာ မိုးကြိုးပစ်မှုများကြောင့် စေတီတော်တွင် တင်လှူထားသော ရွှေထည်ပစ္စည်းများ ပြုတ်ကျခဲ့ရာ ဂေါပကအဖွဲ့မှ ထိန်းသိမ်းထားကြောင်း သိရသည်။

 

1


မေ၂၈ ရက် နံနက် ၈ နာရီခွဲတွင် စေတီတော်ဂေါပကအဖွဲ့ဝင် ဦးတင်ဝင်းနှင့် အဖွဲ့ဝင်များက စေတီတော် ပတ်ဝန်းကျင်နှင့် ရင်ပြင်တော်အား သန့်ရှင်းရေးပြုလုပ်ရာ ကျိုက်ထီးရိုးစေတီတော် အောက်ခြေ၌ စေတီတော်အား တင်လှူထားသောရွှေဆွဲကြိုး (၁)ကုံးနှင့် တွဲလျှက်ပါ ရွှေခေါင်းလောင်းအသေး (၃)ခု ရွှေနားကွင်း (၁)ဖက်နှင့်အတူ ရွှေသရိုးဖတ်များကိုအမှိုက်များနှင့်ရောနှောပြီးမြေခလျှက်တွေ့ရှိခဲ့၍ ဂေါပကအဖွဲ့ဝင်များက ချိတ်ပိတ်ထုတ်ပိုးကာ သိမ်းဆည်းထားရှိကြောင်း သိရသည်။
          

ဝင်းမောင်(ကျိုက်ထို)

 

1