ကျိုက်ထိုမြို့နယ်ရှိ အခြေခံပညာကျောင်းများတွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ကျောင်းအပ် လက်ခံခြင်းများ စတင်ဆောင်ရွက်

ကျိုက်ထို  မေ ၂၃

 

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်ကျောင်းနေ အရွယ်ကလေးအားလုံး အခြေခံပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့ဆောင်ပုဒ်နှင့်အညီ အခြေခံပညာကျောင်းများတွင် ကျောင်းအပ်နှံခြင်းကို ယနေ့ နံနက်ပိုင်းက လက်ခံပေးလျက်ရှိကြောင်း သိရသည်။

 

ကျိုက်ထိုမြို့နယ်တွင် အထကကျောင်း(၁၂)ကျောင်း၊ အထက(ခွဲ) (၃)ကျောင်း၊ အလက (၅)ကျောင်း၊ အလကခွဲ(၁၀)ကျောင်း၊ မူလတန်းလွန် (၂၉)ကျောင်း၊ မူလတန်း (၈၉)ကျောင်း၊ အမက(ခွဲ) (၁၀)ကျောင်း၊ စုစုပေါင်း (၁၅၈)ကျောင်းရှိပြီး ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းအပ်နှံ နိုင်ရေးအတွက် တာဝန်ရှိသူများက ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

 

(ကျိုက်ထို ပြန်/ဆက်)