ကိုလံဘီယာနိုင်ငံ လာတန်လေကြောင်းလိုင်းမှ ခရီးသည်တင်လေယာဉ်  မတော်တဆမှုဖြစ်၍ လေယာဉ်ခရီးစဉ်များ နှောင့်နှေးခဲ့

ဘိုဂိုတာ မတ် ၃၁

 

ကိုလံဘီယာနိုင်ငံ လာတန်လေ ကြောင်းလိုင်းမှ အဲဘတ်စ်အမျိုးအစား ခရီးသည်တင်လေယာဉ်သည်  မတော်တဆမှုဖြစ်ပွား၍ နိုင်ငံမြို့တော် မယ်ဒီလင်းအနီး ရိုင်နီဂရိုမြို့ အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် အရေးပေါ်ဆင်းသက်ခဲ့ရကြောင်း မြို့ပြလေကြောင်း အုပ်ချုပ်ရေးအဖွဲ့မှ ညွှန်ကြားရေးမှူး ဂျားအော်လန်ဒို ဖာဂျာဒိုက မတ်  ၃၀ ရက်တွင် ပြောကြားသည်။

 

အဆိုပါလေယာဉ်သည် မတ် ၂၉ ရက်က လေဆိပ်မှ ပျံတက်ခဲ့ပြီး အချိန် အနည်းငယ်အကြာတွင် လေယာဉ် အရှေ့ဘက်ရှိ လေယာဉ်တက်ဆင်း ထိန်းချုပ်ရေးကိရိယာ ချွတ်ယွင်းခဲ့၍  ယင်းလေဆိပ်သို့ အရေးပေါ် ဆင်းသက်ခဲ့ရကြောင်း  သိရသည်။

 

အဆိုပါဖြစ်စဉ်ကြောင့် လေယာဉ် ခရီးသည် ၂၁၀၀၀ ခန့် ခရီးစဉ်နှောင့်နှေးမှု ဖြစ်ပွားခဲ့ပြီး ရိုင်နီဂရိုမြို့မှ လေယာဉ်ခရီး စဉ်များ ၁၂ နာရီကြာ နှောင့်နှေးခဲ့ရကြောင်း သိရသည်။ အဆိုပါ လေယာဉ်မတော်တဆမှုနှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးမှုများ ဆောင်ရွက်လျက်ရှိကြောင်း   သိရသည်။        

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-စိုးသူရ