ကိုလံဘီယာနိုင်ငံ၌ ကျောက်မီးသွေးတွင်းပေါက်ကွဲမှုကြောင့် ကိုးဦးသေဆုံး၊ ခြောက်ဦးပိတ်မိနေဆဲဖြစ်

ဘိုဂိုတာ ဇွန် ၆

 

ကိုလံဘီယာနိုင်ငံ၌ ကျောက်မီးသွေးတွင်း တစ်တွင်း ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းကြောင့် ကျောက်မီးသွေးတွင်းလုပ်သား ကိုးဦးသေဆုံးပြီး ကျန်ရှိသည့်ခြောက်ဦးသည် မြေအောက်၌ ပိတ်မိနေကြောင်း ကိုလံဘီယာသတ္တုတွင်းအေဂျင်စီက ပြောကြားသည်။ ။

 

ဇွန် ၁ ရက်က အီလ်ဇူလီယာမြို့မြောက်ပိုင်းတွင် ဖြစ်ပွားခဲ့သည့် အဆိုပါပေါက်ကွဲမှုသည် မီးလောင်ကျွမ်းမှုနှင့် ဥမင်လိုဏ်ခေါင်းတစ်ခုပြိုကျကာ ဓာတ်ငွေ့များ စုပုံလာခဲ့ခြင်းကြောင့်ဖြစ်ကြောင်း တာဝန်ရှိသူများက ပြောကြားသည်။

 

မြေအောက်တွင် ငါးရက်ကြာပိတ်မိနေခဲ့သော အသက်ရှင်ကျန်ရစ်သည့် မိုင်းတွင်းလုပ်သားများအား ကယ်ဆယ်ရန် လုပ်ငန်းများဆက်လက်လုပ်ဆောင် နေခြင်းကြောင့် မိသားစုဝင်များကလည်း ကယ်ဆယ်ရေးသတင်းများကို စောင့်ဆိုင်းနေကြကြောင်း သိရသည်။

 

ကနဦးတွင် မိုးသည်းထန်စွာရွာသွန်းမှုများနှင့် ဓာတ်ငွေ့များစုပုံလာမှုများကြောင့် ကယ်ဆယ်ရေး ကယ်ဆယ်ရေး လုပ်သား ၇၀ ခန့်သည် ကျန်ရှိသည့် မိုင်းတွင်းလုပ်သားများအား ဆက်လက်ရှာဖွေလျက် ရှိကြောင်း သိရသည်။

 

ကိုလံဘီယာနိုင်ငံ၌ မိုင်းတွင်းပေါက်ကွဲမှုများသည် ပုံမှန်ဖြစ်နေကျဖြစ်ပြီး ၂၀၂၁ ခုနှစ်အတွင်း မိုင်းတွင်းပေါက်ကွဲမှုကြောင့် ၁၄၈ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

 

ကိုးကား - ဘီဘီစီ

ဘာသာပြန် - အလင်းသစ်