ကိုလံဘီယာနိုင်ငံ၌ ကျောက်မီးသွေးတွင်းပေါက်ကွဲမှုကြောင့် သေဆုံးသူ ၁၃ ဦးရှိလာ

မတ် ၁

 

ကိုလံဘီယာနိုင်ငံ ဘိုရာကာဒေသရှိ တတ်စ်ကိုမြို့ရှိ လာချာပါကျောက်မီးသွေးတွင်းတွင် ပြီးခဲ့သည့်စနေနေ့က ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီးနောက်  သေဆုံးသူ ၁၃ ဦးအထိ ရှိလာကြောင်းဒေသခံအာဏာပိုင်များက ယမန်နေ့က ပြောကြားသည်။

 

ထိုပေါက်ကွဲမှုဖြစ်ပွားရာနေရာသို့ ကယ်ဆယ်ရေးသမား ၅၀ ကျော်ဖြင့် ၃၆ နာရီ ကြာ ရှာဖွေမှုများလုပ်ဆောင်ခဲ့ပြီးနောက် ယမန်နေ့က နှစ်ဦး၏အလောင်းကို ရှာဖွေတွေ့ရှိခဲ့သည်ဟု သိရသည်။

 

အဆိုပါပေါက်ကွဲမှုသည် မီသိန်းဓါတ်ငွေ့အစုအပုံကြောင့် ဖြစ်ပေါ်လာခြင်းဖြစ်သည်ဟု တတ်စ်ကိုအာဏာပိုင်များ၏ကနဦးသတင်းအချက်အလက်တွင် ဖော်ပြထားသည်။

 

တတ်စ်ကိုမြို့တော်ဝန် ဂျူအန်ကျုဘာက ယင်းပေါက်ကွဲမှုအတွက် ဝမ်းနည်းပူဆွေးခဲ့ပြီး ထိုမြို့ရှိ လုံခြုံရေးအစီအမံများကို တင်းကျပ်ရန် ညွှန်ကြားခဲ့သည်။

 

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို