ကျိုင်းလပ်မြို့၌ စက်သုံးဆီဆိုင်များ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ကွင်းဆင်းစစ်ဆေး

ကျိုင်းလပ်       ဧပြီ      ၂၃

 

ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့ပေါ် ရပ်ကွက်များ၌ စက်သုံးဆီ အရောင်းဆိုင်များ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် မီးသတ်ဦးစီးဌာနနှင့် ဌာနဆိုင်ရာများ ပူးပေါင်း၍ ဧပြီ ၂၃ ရက် နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့သည်။

 

ထိုသို့ ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ရာတွင် မြို့အုပ်ချုပ်ရေးမှူး ဦးအောင်မျိုးထွေး၊ မီးသတ်ဦးစီးဌာနမှ လက်ထောက်ဦးစီးမှူး ဦးဟိန်းကျော်မိုးနှင့် တပ်ဖွဲ့ဝင်များ၊ စည်ပင်သာယာရေးဌာနမှ မြို့ဦးစီးမှူး ဦးအားဝေ၊ ကျိုင်းလပ်နယ်မြေ စခန်းမှူး ရဲအုပ်ကျော်မင်းတို့ ပူးပေါင်း၍ စက်သုံးဆီဆိုင်များအား မီးဘေးအန္တရာယ် ကင်းရှင်းအောင် အသိပညာပေး ရှင်းလင်းပြောကြားပြီး ဆိုင်အတွင်း DCP မီးသတ်ဆေးဘူးထားရှိမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

 ကျော်ဇေယျာလင်း(ပြန်/ဆက်)