ကိုင်ရိုတွင် ကားဗုံးဖောက်ခွဲခဲ့သည့် အကြမ်းဖက်သမား ကို အီဂျစ်ရဲတပ်ဖွဲ့ ဖော်ထုတ်

၉ သြဂုတ်


အီဂျစ်ရဲတပ်ဖွဲ့ က အီဂျစ်နိုင်ငံ ကိုင်ရိုမြို့တော်တွင် ယခုရက်သတ္တပတ်အစောပိုင်းက လူ ၂၀ သေဆုံးခဲ့ရသည့် ကားဗုံးဖောက်ခွဲသူ အကြမ်းဖက်သမား ကို ယမန်နေ့က ဖော်ထုတ်ခဲ့သည်။


အဆိုပါ အကြမ်းဖက်သမား ဆိုသူမှာ အစ္စလာမ်မစ်စစ်သွေးကြွအုပ်စု အဖွဲ့ဝင်ဖြစ်သူ အဘဒူလ် ရာရှ်မန် ကာလပ် မာမွတ်ဒ်  ဖြစ်ကြောင်း အီဂျစ်ပြည်ထဲရေး ဝန်ကြီးဌာန က ထုတ်ပြန်ချက်တစ်ခု တွင် ပြောကြားခဲ့သည်။


ထိုတိုက်ခိုက်မှုနောက်ကွယ်တွင် ၎င်းအကြမ်းဖက်သမား ပုန်းအောင်းရာနေရာနှစ်ခု ရှိကြောင်း၊ ကိုင်ရိုမြို့တော် အနောက်တောင်ဘက် ၁၀ဝ ကီလိုမီတာအကွာ ဖေယွမ် ပြည်နယ်သည်  ၎င်းပုန်းအောင်ရာနေရာ တစ်ခု ဖြစ်ကာ အခြားတစ်နေရာမှာ ကိုင်ရိုင်အနီး ရှိုရော့ခ်မြို့ ဖြစ်ကြောင်း လုံခြုံရေးတပ်ဖွဲ့များက ဖော်ထုတ်ခဲ့သည်ဟု ယင်းဝန်ကြီးဌာနက ပြောကြားခဲ့သည်။


ဖေယွမ် ပြည်နယ်အတွင်း ၎င်းတို့ပုန်းအောင်းရာနေရာတွင် အပြန်အလှန်ပစ်ခတ်နေစဉ် အကြမ်းဖက်သမား ရှစ်ဦး သေဆုံးခဲ့ကြောင်း ထိုဝန်ကြီးဌာန ပြောကြားချက်အရ  သိရသည်။


ကိုးကား- ဆင်ဟွာ


ဘာသာပြန်- မြင့်မြင့်ချို