ကျိုင်းတုံမြို့မဈေးအတွင်း၌ မီးဘေးလုံခြုံရေးအတွက် စစ်ဆေး 

ကျိုင်းတုံ ၃၀ မေ 

ကျိုင်းတုံခရိုင်၊ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နှင့် ကျိုင်းတုံမြို့နယ်စည်ပင်သာယာရေးဌာနတို့ပူးပေါင်း၍ ကျိုင်းတုံမြို့မဈေးအတွင်း၌ မီးဘေးလုံခြုံရေးအတွက် ကွင်းဆင်းကြည့်ရှုစစ်ဆေးခြင်းကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။

 

mdn

 

အဆိုပါ ဆောင်ရွက်မှုတွင် မြို့မဈေးမီးဘေးလုံခြုံရေးအတွက် လျှပ်စစ်မီးတပ်ဆင်ထားရှိမှု၊ ဈေးအတွင်းမီးသုံးစွဲသည့် စားသောက်ဆိုင်ခန်းများ၊ ဈေးရုံအလိုက်ထားရှိသည့် မီးသတ်ဆေးဗူးများ၊ ဈေးအတွင်းတပ်ဆင်ထားသည့် မီးသတ်ရေငုတ်များ၊ ရေပိုက်လိုင်းများအား ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ယင်းသို့ဆောင်ရွက်ခြင်းကို ကျိုင်းတုံခရိုင်မီးသတ်တပ်ဖွဲ့မှ တပ်ဖွဲ့ဦးစီးမှူး ဦးမျိုးဇင်ဝင်းနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ ကျိုင်းတုံမြို့နယ်စည်ပင်သာယာရေးဌာန၊ ဈေးနှင့်သားသတ်ဌာနစိတ်မှ ဒုတိယဦးစီးမှူး ဦးမနားရွှီနှင့်ဝန်ထမ်းများ၊မြို့မဈေးကော်မတီ ဥက္ကဋ္ဌ ဦးစိုင်းလာနှင့်ဈေးကော်မတီအဖွဲ့ဝင်တို့က ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရဲထက်ဦး (ပြန်/ဆက်)