ကျိုင်းတုံမြို့မဈေးကြီးအတွင်း ဖုန်းများဖောက်ထွင်းခိုးယူသူအား ဖမ်းဆီးရမိ

ကျိုင်းတုံ ၁၈ ဩဂုတ်

 

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့မဈေးကြီးတွင် ဩဂုတ် ၁၄ ရက်က ဖုန်းများ ရောင်းချ ပြုပြင်သည့် ဆိုင်ခန်းမှ ဖုန်းများ  ဖောက်ထွင်းခိုးယူခံရမှု ဖြစ်ပွားခဲ့ရာ ဖောက်ထွင်းခိုးယူသူ အား ဩဂုတ် ၁၇ ရက်က ဖမ်းဆီးရမိကြောင်း သိရသည်။

 

ဖြစ်စဉ်မှာ ဆိုင်ခန်းဖောက်ထွင်း ခိုးယူခံရမှုနှင့်ပတ်သက်၍ ဆိုင်ရှင်မှ ကျိုင်းတုံမြို့မရဲစခန်းသို့ အမှုဖွင့်တိုင်ကြားလာသဖြင့် မြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များနှင့် တာဝန်သိပြည်သူများ ပူးပေါင်း စုံစမ်းဖော်ထုတ်ခဲ့ရာ ကျိုင်းတုံမြို့၊ အမှတ်(၄)ရပ်ကွက်နေ မနန်းသန်း (၂၀ နှစ်)သည် ဩဂုတ် ၁၃ ရက် နံနက်ပိုင်းက ကျိုင်းတုံမြို့မဈေးကြီးအတွင်း၊ ဖုန်းများပြုပြင်ရောင်းချသည့် ဆိုင် မှ သွပ်ပြားချပ်များကို ဖျက်ဆီးဝင်ရောက်ခဲ့ကာ  Vivo နှင့် Oppo အမျိုးအစား ဖုန်း ၇ လုံးကို ခိုးယူခဲ့ကြောင်း သိရသည်။

 

သက်သေခံပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိသူ မနန်းသန်းကို ကျိုင်းတုံမြို့မရဲစခန်းက အမှုဖွင့်အရေးယူဆောင်ရွက်ထားကြောင်း သိရသည်။

 

အောင်ဇင်မြင့်(ပြန်/ဆက်)