ကျိုင်းတုံမြို့၌ (၇၅)နှစ်မြောက် စိန်ရတု အာဇာနည်နေ့ အထိမ်းအမှတ် စာစီစာကုံး၊ ကဗျာ၊ ဆောင်းပါး ပြိုင်ပွဲ ကျင်းပ

ကျိုင်းတုံ    ဇူလိုင်     ၁၇
    
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ (၇၅)နှစ်မြောက် စိန်ရတုအာဇာနည်နေ့ အထိမ်း အမှတ်အဖြစ် မြို့နယ်ဆင့် စာစီစာကုံး၊ ကဗျာ၊ ဆောင်းပါး ပြိုင်ပွဲကို ဇူလိုင် ၁၆ ရက် နံနက်  ၉ နာရီက အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပခဲ့ကြောင်းသိရသည်။
    
(၇၅)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် စာစီစာကုံး၊ ကဗျာ၊ ဆောင်းပါး ရေးဖြေ ပြိုင်ပွဲများတွင် ကျိုင်းတုံမြို့နယ်ရှိ အခြေခံပညာအထက်တန်းကျောင်းများမှ အထက်တန်း၊ အလယ်တန်း၊ မူလတန်းအဆင့် စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ ၁၂၁ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ရှမ်းပြည်နယ်(အရှေ့ပိုင်း) ပြည်နယ်ပညာရေးမှူးရုံး(ရုံးခွဲ) ဒုတိယညွှန်ကြားရေးမှူး ဒေါ်ခင်ညိုညို နှင့် ဆရာ၊ ဆရာမများက လိုက်လံကြည့်ရှု အားပေးခဲ့ကြောင်းသိရသည်။
    
ထို့အတူ ရှမ်းပြည်နယ်(အရှေ့ပိုင်း)အတွင်းရှိ မြို့နယ်များမှ အခြေခံပညာကျောင်းများတွင် (၇၅)နှစ်မြောက် အာဇာနည်နေ့ အခမ်းအနား အထိမ်းအမှတ် စာစီစာကုံး၊ ကဗျာ၊ ဆောင်းပါး ရေးဖြေပြိုင်ပွဲများ ကျင်းပလျက်ရှိကြောင်းသိရသည်။

အောင်ဇင်မြင့်(ပြန်/ဆက်)