ကျိုင်းတုံမြို့၌ အမျိုးသမီးသုံးဦး အသတ်ခံရ

ကျိုင်းတုံ   ဒီဇင်ဘာ   ၁၁

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၊ (၂)ရပ်ကွက်၊ ကျိုင်းငင်း (၁)လမ်းရှိ နေအိမ်တစ်အိမ်၌ ဒီဇင်ဘာ ၁၀ ရက်က အမျိုးသမီး သုံးဦး အသတ်ခံရကြောင်း သိရသည်။

ဖြစ်စဉ်မှာ ကျိုင်းတုံမြို့၊ (၂)ရပ်ကွက်၊ ကျိုင်းငင်း(၁)လမ်းရှိ ငွေလဲလှယ်နှင့် အထည်ရောင်း လုပ်ကိုင်သူ၏ နေအိမ်ရှေ့ တံခါးအနီးတွင် မသင်္ကာဖွယ်သွေးစများ တွေ့ရှိရကြောင်း တာဝန်သိ ပြည်သူတစ်ဦးက ဖုန်းဆက်အကြောင်းကြားသဖြင့် မြို့မရဲစခန်းမှ သွားရောက်စစ်ဆေးရာ အခင်းဖြစ်ပွားရာ နေအိမ် နှစ်ထပ်တိုက် မြေညီထပ်၌ ဒေါ်ခင်ခင်ချို(ခ)မာရှောင်ရွှင် (၅၈)နှစ်၊ လည်ပင်းထိုးသွင်းဒဏ်ရာ နှစ်ချက်၊ ဒေါ်လှရွှေ(၆၁) ရင်ဆို့တွင် ထိုးသွင်းဒဏ်ရာ တစ်ချက်နှင့် ပြတ်ရှဒဏ်ရာများ၊ ဒေါ်အေးစိန် ဒေါ်အေးစိန်(၅၉)နှစ်၊ ကျောပြင် ပေါက်ပြဲဒဏ်ရာ၊ လည်ပင်း ပြတ်ရှဒဏ်ရာ တစ်ချက်နှင့် ဒဏ်ရာများ ရရှိပြီး သေဆုံးနေကြောင်း တွေ့ရှိခဲ့၍ တစ်အိမ်တည်းနေ သေဆုံးသူ ညီအမများဖြစ်သည့် ဒေါ်လှရွှေ၊ ဒေါ်ခင်ခင်ချို(ခ) မာရှောင်ရွှင်နှင့် ဒေါ်အေးစိန်တို့ သုံးဦးအား ရက်စက်စွာ သတ်သွားသူအား အမြန်ဆုံး ဖမ်းဆီးရမိရေး ရဲတပ်ဖွဲ့ဝင်များက ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အောင်ဇင်မြင့်(ပြန်/ဆက်)