ကျိုင်းတုံမြို့၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းနှင့် နှာခေါင်းစည်း အခမဲ့ဖြန့်ဝေ

ကျိုင်းတုံ စက်တင်ဘာ ၁၇

 

 ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေး နှိုးဆော်ခြင်းနှင့် ပညာပေးလက်ကမ်းစာစောင်များ၊ နှာခေါင်းစည်း အခမဲ့ဖြန့်ဝေခြင်းကို စက်တင်ဘာ ၁၆ ရက်က မိုင်းဇင်းကျေးရွာအုပ်စု၊ ယန်းလူးကျေးရွာ၊ ဟွေခါးကျေးရွာ၊ မိုင်းဇင်း ကျေးရွာများတွင်  ကျိုင်းတုံခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနနှင့် ကျိုင်းတုံခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့က အသိပညာပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။

 

ထိုသို့ဆောင်ရွက်ရာတွင် ကျိုင်းတုံခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနနှင့် ကျိုင်းတုံခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန  ဝန်ထမ်းများက ကျိုင်းတုံမြို့နယ်၊ မိုင်းဇင်းကျေးရွာအုပ်စု၊ ယန်းလူးကျေးရွာ၊  ဟွေခါးကျေးရွာ၊ မိူင်းဇင်းကျေးရွာအတွင်းရှိ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေး နှိုးဆော်ပြောကြားကာ လက်ကမ်းစာစောင်များ၊ နှာခေါင်းစည်းများ အခမဲ့ ဖြန့်ဝေပေး၍  စနစ်တကျ  တပ်ဆင်ကြရန်နှင့် ဆောင်ရန်၊ ရှောင်ရန်အချက်များ အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကျော်စိန်သန်း(ပြန်/ဆက်)