ကျိုင်းတုံမြို့၌ မြေငလျင်လှုပ်မှုကြောင့် အိမ်အချို့၏ နံရံများပြိုကျပျက်စီး

ကျိုင်းတုံ       ဇူလိုင်        ၂၂

 

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၏ အရှေ့ဘက် ၁၈ မိုင်ခန့်အကွာတွင် ရစ်(ခ်)တာစကေး ၆ ဒသမ ၁ အဆင့်ရှိ အင်အားပြင်းထန်သော မြေငလျင်တစ်ခု ဇူလိုင် ၂၁ ရက် ည ၁၁ နာရီ၊ ၃၇ မိနစ်၊ ၂၆ စက္ကန့်တွင် လှုပ်ရှားခဲ့ရာ အိမ်အချို့၏ နံရံများ ပြိုကျပျက်စီးခဲ့ကြောင်း သိရသည်။

 

မြေငလျင်ကြောင့် ကျိုင်းတုံမြို့၊ အမှတ်(၂)ရပ်ကွက်၊ အမှတ်(၄) အခြေခံပညာအထက်တန်းကျောင်းရှိ တစ်ထပ်တိုက်အိမ်နှင့် သွမ်မိုးမြေအုပ်ကာ လေးခန်းတွဲ တစ်ထပ်ဆောင်တို့၏ မြေအုတ် အခန်းနံရံများ၊ ယန်းခကျေးရွာအုပ်စု၊ ယန်းခကျေးရွာရှိ အိမ်နှစ်လုံး၏ အုတ်ဘလောက် အခန်းနံရံများ၊ ဆွတ်ရွဲရွာရှိ အိမ်တစ်လုံးမှ အုတ်ဘလောက်နံရံများ  ပြိုကျပျက်စီးခဲ့ပြီး လူနှင့်တိရစ္ဆာန်များ သေဆုံးခြင်း မရှိကြောင်း သိရသည်။

 

အောင်ဇင်မြင့်(ပြန်/ဆက်)