ကျိုင်းတုံမြို့၌ ငွေကျပ် ၃၄၅ သိန်းတန်ဖိုးရှိ အများပြည်သူ စားသုံးရန်မသင့်သော စားသောက်ကုန်များအား ဖျက်ဆီး

ကျိုင်းတုံ     မေ     ၃၁

 

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့၌ အများပြည်သူများ ဘေးအန္တရာယ်ဖြစ်စေပြီး စားသုံးရန် မသင့်သည့် ဖမ်းဆီးရမိ စားသောက်ကုန်များနှင့် တင်သွင်းရန် တားမြစ်ထားသော ဘီယာများ ဖျက်ဆီးခြင်းကို မေ ၃၀ ရက် နံနက်ပိုင်းက ကျိုင်းတုံမြို့နယ် အကောက်ခွန်ဦးစီးဌာန ရုံးဝင်းအတွင်း ဆောင်ရွက်ခဲ့ကြောင်း သိရဿည်။

 

အဆိုပါ ဖျက်ဆီးရာတွင် ကျိုင်းတုံမြို့နယ် အကောက်ခွန်ဦးစီးဌာနနှင့် မြို့နယ် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲ့တို့ ဖမ်းဆီးရမိသည့် တရုတ်နိုင်ငံထုတ် အများပြည်သူ စားသုံးရန်မသင့်သော ဘိန်ဥချောင်း၊ ဂျယ်လီချိုချဉ် မုန့်များနှင့် တရုတ်နိုင်ငံထုတ် တင်သွင်းရန်တားမြစ်ထားသော Justus ဘီယာ၊ SHARK ဘီယာများ စုစုပေါင်း တန်ဖိုးငွေကျပ်  ၃၄၅၀၀,၀၀၀  ရှိ ပစ္စည်းများအား မြို့နယ် အကောက်ခွန်ဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အခွန်ဦးစီးဌာန၊ စားသုံးသူရေးရာ ဦးစီးဌာနတို့ ပါဝင်သော ဖျက်ဆီးမှုကြီးကြပ်ရေးအဖွဲ့က လမ်းကြိတ်စက်ဖြင့် ကြိတ်ချေဖျက်ဆီးခြင်းနှင့် မီးရှို့ဖျက်ဆီးခြင်းများကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

 

အောင်ဇင်မြင့်(ပြန်/ဆက်)