ကျိုင်းတုံမြို့၌ သွေးလွန်တုပ်ကွေးရောဂါကာကွယ်နှိမ်နင်းရေး အသိပညာပေးဆွေးနွေး

ကျိုင်းတုံ          ဇူလိုင်   ၁

 

ရှမ်းပြည်နယ်(အရှေ့ပိုင်း)ပြည်နယ်အဆင့် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေး အသိပညာပေး ဆွေးနွေးပွဲကို ဇွန် ၃၀ ရက်က ပြည်နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနရုံး(ကျိုင်းတုံ)၌ ကျင်းပသည်။

 

ရှေးဦးစွာ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ပြည်နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ စည်သူအောင် က အမှာစကားပြောကြားပြီး ဒုတိယပြည်နယ် ကျန်းမာရေးဦးစီးမှူး(ကျိုင်းတုံ)ဒေါက်တာ ကျော်ကျော်လင်း က သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေး အသိပညာပေး​ဆွေးနွေးသည်။

 

ထို့နောက် ဆွေးနွေးပွဲတက်ရောက်လာကြသူများက သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေးနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

 

ရှမ်းပြည်နယ်(အရှေ့ပိုင်း)တွင် ၂၀၂၃ ခုနှစ် ဇန်နဝါရီလမှ ယနေ့အထိ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွား၍ သေဆုံးသူ မရှိကြောင်းသိရပြီး သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေးလုပ်ငန်းများကို ကျန်းမာရေး ဝန်ထမ်းများက ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အောင်ဇင်မြင့်(ပြန်/ဆက်)